388 မှတ်ပဲ?
"ဒီခန္ဓာကိုယ်က အရမ်းအားနည်းတာပဲ၊ တသ်ညလေးမအိပ်ရတာနဲ့ သေတော့မယ် အတိုင်းပဲ......." ကုချင်းရွယ်က သူမကိုယ်ပေါ် ရေတစ်ခွက်ကို အမြန်လောင်းချလိုက်ရင်း ညည်းညူလိုက်တယ်။
ပိုက်ဆံရဖို့က ပိုအရေးကြီးပေမယ့် လေ့ကျင့်ခန်းလုပ်တာကိုလဲ အရှိန်မြှင့်ရမယ်။
မဟုတ်ရင်၊ အကြီးဆုံးမဒမ်က သူမကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွမ်းကျင်သူအချို့ကို အမှန်တကယ်ခေါ်ယူခဲ့မယ်ဆိုရင် သူမကိုယ်သူမ ကာကွယ်ဖို့ကတော့ ခက်ခဲမှာမဟုတ်ပေမယ့် ကလေးသုံးယောက်ကို ကာကွယ်ဖို့တော့ အများကြီးကြိုးစားရဦးမှာ။
ထိုအချိန်တွင်၊ ကုချင်းရွယ်သည် မုန့်ဖုတ်သမားလေး၏ လေးနက်သော အရောင်းအသံကို သူမစိတ်ထဲတွင် ကြားလိုက်ရသည်။
"ဒီစနစ်က ခန္ဓာကိုယ် အားကောင်းစေတဲ့ ဆေးဝါးတွေကို လျှော့ဈေးနဲ့ ရောင်းနေတာပါ။ သခင်ကဆေးပုလင်းတွေကို စိတ်ဝင်စားရဲ့လား?။ တစ်ပုလင်းက ၉၉၈ မှတ်၊ မဟုတ်ဘူး ၆၆၈ မှတ် မဟုတ်ဘူး၊ ၃၃၈မှတ် ပဲရှိတယ်။ ဈေးနှုန်းလည်း ချိုသာပြီး အရည်အသွေးလည်း ကောင်းပါတယ်။ အကြွေးစနစ်နဲ့လဲဝယ်လို့ရတယ်!"
" 388 ပဲရှိတယ်? မင်းရဲ့ဆေးကို သိမ်းထားပြီး တခြားသူတွေကို သွားရောင်းလိုက် " ကုချင်းရွယ် မုန့်ဖုတ်သမားလေး၏ အသံကို ဆက်နားမထောင်နိုင်တော့ပေ။ သူမက အပြင်ဘ အကျီကို ချွတ်လိုက်ပြီး အနွေးစောင် ထဲသို့ တွားသွားကာ ကလေး သုံးယောက်ကို ပွေ့ဖက်ကာ အိပ်ပျော်သွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ ချန်းလုဖူသည် ကုချင်းရွယ်နှင့် ခလေးငယ်တွေ ယခင်ကနေထိုင်ခဲ့သော ခြံဝင်းငယ်လေးသို့ မဒမ်ယုကို ခေါ်ဆောင်ရန် ကြိုးပမ်းနေရင်း အချိန်ကုန်ဆုံးခဲ့သည်။
တကယ်တော့ ဒီနေရာဟာ ချန်းလုဖူနှင့် မဒမ်ယု တို့ရဲ့ မူလအိမ်ဖြစ်တယ်။ ယခင်က ပိုကြီးတဲ့ အိမ်ကိုသိမ်းပိုက်နေထိုင်ခဲ့ပြီးနောက် အခု သူတို့ အိမ်သေးသေးလေးဆီကို ပြန်ရောက်တော့ အိမ်က လုံးဝကို လျော့ရဲနေသလို ခံစားလိုက်ရတယ်။ ဆင်းရဲတဲ့ သူခိုးတွေတောင် သူတို့အိမ်ရောက်လာရင် သူတို့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ထွက်သွားကြလိမ့်မယ်။
YOU ARE READING
ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။
Historical Fiction21 ရာစုက သုသေသနပညာရှင်မလေးက ရှေးခတ်ကိုရောက်သွားပြီး သူမဝင်စားခဲ့တဲ့ မူလပိုင်ရှင်မှာ ရိုးရိုးအေးအေး ယောင်္ကျားတစ်ယောက်နဲ့ ခလေးသုံးယောက်ကို ဘယ်လို စောင့်ရှောက်ပေးမလဲဆိုတာ ...