အပိုင်း 51

1.1K 112 0
                                    

အပိုင်း- 51 အုန်းမွှေးသကြားလုံးက အသားလောက်အရသာမရှိဘူး။

ခေါ်သံကြောင့် ကလေးများအားလုံး ခေါင်းလှည့်ကာကြည့်လိုက်ကြသည်။ ကုလင်းတို့ သုံးယောက်ကို မြင်သောအခါ သူတို့က မနာလိုသော မျက်လုံးများဖြင့်ကြည့်နေကြသည်။

ကလေးသုံးဦးလုံးသည် အဝတ်အစားအသစ်များဝတ်ထားပြီး တစ်ချက်ကြည့်လိုက်လျှင် ၎င်းတို့သည် မြို့တွင်းမှ သခင်လေးများနှင့် မိန်းမပျိုများသာ ဝတ်ဆင်ကြသော အဝတ်များဖြစ်ကြသည်။ အထူးသဖြင့် ပန်းနုရောင်ချည်သားအင်္ကျီကို ၀တ်ဆင်ထားသော လင်ပေါင်ဖြစ်သည်။ သူမအကျီပေါ်တွင် လကို လိုက်နေသည့် ယုန်ငယ်ပုံစံလည်း ရှိသည်။ သူမသည် အလွန်လှပသောကြောင့် သူမသည် ချည်ကြမ်းအင်္ကျီများကိုသာ ၀တ်ဆင်ထားသည့် အခြားမိန်းကလေးများနှင့်ယှဥ်ပါက လုံးဝကွဲပြားနေကာ မင်းသမီးတစ်ယောက်နှင့်တူနေသည်။

ဒန်ဘီနှင့် ကုလင်းတို့၏ အဝတ်အစားများသည်လည်း လှပကြသည်။ ကုလင်းက
အစိမ်းဖျော့ဖျော့ ချည်သားအကျီကို ၀တ်ဆင်ထားပြီး ဒန်ဘီက အပြာဖျော့ဖျော့ဖျော့ဖျော့အင်္ကျီကို ၀တ်ဆင်ထားသည်။ သူတို့သည် အလွန်စွဲမက်ဖွယ်ကောင်းပြီး လက်ရှိရှိနေသည့် ကလေးများအားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။

"အလို! လင်းပေါင်! နင့်အဝတ်အစားတွေက အရမ်းလှတာပဲ၊ နှစ်သစ်မှာ အမေချုပ်ခဲ့တဲ့ ချည်သားအကျီက နင်ဝတ်ထားတာရဲ့ တစ်ဝက်လောက်တောင် မလှဘူး။" လင်းပေါင်၏သူငယ်ချင်း ရှို့ရှောင်ဟွာက ရှေ့သို့ရောက်လာပြီး သူမသည် လင်းပေါင်၏အဝတ်အစားပေါ်ရှိ ယုန်ပုံကို ဂရုတစိုက်ထိမိလိုက်သည်။

"ဟဲဟဲ ရှောင်ဟွာ၊ ဒါ ငါ့အမေဝယ်ပေးတဲ့သကြားလုံးပဲ။ အတူတူစားရအောင်။" လင်းပေါင် သည် လုံးဝမတွန့်တိုခဲ့ပေ။ သူမ အိတ်ကပ်ထဲထည့်ထားသော ဆီစက္ကူအိတ်ထဲမှ နှင်းဖြူဆန်သကြားလုံး အနည်းငယ်ကို ထုတ်ယူကာ သူငယ်ချင်းတစ်ဦးစီကို ပေးခဲ့သည်။

"ဒါက မြို့ထဲမှာပဲ ရှိတဲ့ သကြားလုံးပဲ၊ အစ်ကိုလင်း မင်းတို့ မြို့ကိုသွားခဲ့​တာလား။" ဖွံ့ဖွံ့ထွားထွား ကလေးတစ်ယောက်သည် သကြားလုံး ကိုယူကာ ကိုက်လိုက်သည်။ စားရင်းနဲ့ သူ့မျက်လုံးတွေ တောက်ပလာတယ်။

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now