အပိုင်း 48

1K 140 0
                                    

အခန်း ၄၈- အရွယ်ရောက်ပြီးသား ဧရာမ ခလေးကြီး

သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာစောင့်ကြည့်နေကြသည်။

နောက်ဆုံးတွင် ရုန်ကျန်းက တိတ်ဆိတ်မှုကို ဦးစွာ ဖြိုခွင်းလိုက်သည်။ "ဒီကိစ္စကို မရှိခဲ့သလိုပဲထားလိုက်တော့.. မင်းတို့အပြင်မှာစောင့်နေ " သူက အခြားလူတွေဘက် လှည့်ကာပြောလိုက်တယ်။

ကုချင်းရွယ်က သူမ၏ ဆုပ်ထားသော လက်သီးများကို ဖြေလျှော့လိုက်ပြီး ဖုချန်နှင့် အခြားလူများကလဲ ဟောင်ရုန်ဖု နှင့်အတူ ခမ်းမမှ အမြန်ထွက်ခွာသွား ကြသည်။ လုရီနှင့် နှင့် အခြားလျှို့ဝှက်ကိုယ်ရံတော်များသည် ပန်းခန်းမတံခါးကိုပိတ်ကာ အပြင်ဘက်တွင် စောင့်နေကြသည်။

မျက်စိတစ်မှိတ်အတွင်း ကုချင်းရွယ်နှင့် ရုန်ကျန်းတို့နှစ်ယောက်သာ ပင်မခမ်းမထဲ ကျန်ခဲ့သည်။

"ဒီကိုလာ" ရုန်ကျန်းက ကုချင်းရွယ် ကိုကြည့်ပြီး အမိန့်ပေးလိုက်တယ်။

ကုချင်းရွယ်က ဘာမှမထူးခြားဟန်ဖြင့် ရုန်ကျန်းအရှေ့သွားလိုက်ပြီး ကုလားထိုင်ကိုယူကာ ဘေးနားမှာထိုင်လိုက်သည်။ ပြီးနောက်သူမက " သခင်လေး လက်တစ်ချက်လောက်ပေးပါ၊ ကျွန်မသွေးခုန်နှုန်း စမ်းဖို့လိုအပ်တာမို့ "

ရုန်ကျန်းက ကုချင်းရွယ်ကို စိုက်ကြည့်လိုက်သည်။ သူမက မျက်လုံးကို အောက်ကိုငုံ့ထားပြီး နှိမ့်ချနေပုံမပေါ်ပေမယ့် အာရုံစိုက်ထားသော အပြုအမူကို မြင်လိူက်ရသောအခါ ရုန်ကျန်းက သူ့လက်ကို ဆန့်ထုတ်ကာသူမနှင့်အတူ ပူးပေါင်းပေးလိုက်သည်။ ကုချင်းရွယ်၏ အနည်းငယ်အေးစက်နေသော လက်ချောင်းထိပ်များသည် ရုန်ကျန်း၏ လက်ကောက်ဝတ်ကို ထိကိုင်ထားသည်။

ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်ခုကြောင့် ရုန်ကျန်းက ကုချင်းရွယ်ကို နောက်တစ်ကြိမ် ပြန်မော့ကြည့်လိုက်သည်။

သို့သော်လည်း ကုချင်းရွယ်က သူမရဲ့အလုပ်အပေါ်ကိုသာ အာရုံစိုက်ထားပြီး ထူးဆန်းနေတဲ့ပုံမပေါ်ပေ။ သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းနေရင်း သူမကမျက်မှောင်ကြုတ်သွားသည်။

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now