အပိုင်း 30

1.4K 172 0
                                    

ကောင်းပြီ၊ ငါ့အမေက ချမ်းသာတယ်။

"ဟုတ်ကဲ့ပါ ကျွန်မလဲ ဆိုင်ရှင်ကို အကူအညီတောင်းစရာတစ်ခုရှိတယ်" ကုချင်းရွယ်က  ကလေးသုံးယောက်ကို ခေါ်ဆောင်ကာ ဟောင်ရုန်ဖူ နှင့် သိပ်မဝေးသော အခန်းလွတ်တစ်ခုသို့ လိုက်သွားခဲ့သည်။

တံခါးပိတ်ပြီးနောက် ကုချင်းရွယ် နှင့် ဟောင်ရုန်ဖူ တို့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ကလေးသုံးယောက်က ကုချင်းရွယ်၏ အနားတွင် နာခံစွာထိုင်ကာ ဆိုင်ရှိ အစေခံများက လက်ဖက်ရည်နှင့် အရသာရှိသော သရေစာများ ယူဆောင်လာသည်ကို စောင့်ကြည့်နေခဲ့သည်။

ဟောင်ရုန်ဖူ သည် ကလေးများကို အမြဲတစေ နှစ်သက်သည်။ ကလေးသုံးယောက်လုံးက ချစ်ဖို့ကောင်းတာကို မြင်တော့ သူက" မင်းတို့ အမေကို အကြာကြီးစောင့်ရဦးမှာ ဘာလို့ လက်ဖက်ရည်နဲ့ အဆာပြေ မစား​​နေကြတာလဲ "

အဆာပြေမုန့်များကို စားပွဲပေါ်သို့ ယူလာကတည်းက ဒန်ဘီနှင့်လင်းပေါင် သည် လှပ​သော အဆာပြေမုန့်ပန်းကန်များကိုသာ စိုက်ကြည့်နေကြသည်။

အဲ့ဒါတွေက မုန့်တွေလား? သူတို့ဘဝတစ်လျှောက်လုံး ဤကဲ့သို့ ထူးထူးခြားခြား သရေစာများကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့တစ်ခုချင်းစီသည် အနုပညာလက်ရာတစ်ခုကဲ့သို့ သေးငယ်ပြီး လက်ရာမြောက်သည်။

ဂွတ်!!

ဒန်ဘီနှင့်နှင့် လင်းပေါင်တို့သည် တံတွေးကို တိတ်တဆိတ် မျိုချလိုက်ပြီး လောဘကြီးသူဟု မြင်မည်ကို စိုးရိမ်သဖြင့် သူတို့ခေါင်းကိုငုံ့ထားကြသည်။

"ကျေးဇူးတင်ပါတယ် ဦးလေး၊ ငါတို့ ဗိုက်မဆာဘူး၊ ကုလင်း သည် သူ့ညီနှင့် ညီမ၏လက်ကို ဆုပ်ကိုင်ထားပြီး မျက်လုံးထောင့်မှ အချိုပွဲများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခပ်မြန်မြန်ပင် အကြည့်​ပြန်လွှဲလိုက်သည်။

"သားတို့ စားလို့ရတယ် ဦးလေးဟောင်က မင်းတို့ကို အချိုပွဲတွေ ကျွေးနေတယ်၊ ကြိုက်သလောက်စားလို့ရတယ်။" ကုချင်းရွယ် သည် ကလေးသုံးယောက်၏ တောက်ပနေသော မျက်လုံးများကို တွေ့ပြီး သူမ၏ နှလုံးသားထဲတွင် ဆူပွက်နေခဲ့သည်။

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now