အခန်း ၅၅- ယန်ကျို့လူ ဟုခေါ်သော အဆိပ်ရှိသောပန်း
ကုချင်းရွယ်က ထိုနှစ်ခုကို ဆတူပေါင်းစပ်နိုင်ရန် ဂရုတစိုက်လုပ်ခဲ့ရပြီးနောက်တွင် ' ကြည့်ရတာတော့ဒီအဆိပ်က ယန်းကျို့လူ လိ့အည်ရတဲ့ ပန်းတစ်မျိုးကြောင့်ဖြစ်လာတာပဲ'။ ထိုပန်းက အပင်ဖြစ်ရန် ဆယ်နှစ်၊ အပွင့်ပွင့်ရန် နှစ်နှစ်ဆယ်၊ အဆိပ်ထုတ်ရန် နှစ်သုံးဆယ်ကြာသည်။ ဒီလိုအဆိပ်မျိုးနဲ့ အဆိပ်သင့်တဲ့လူတွေက ထိုအဆိပ်ကို ဘယ်တော့မှ ဖယ်ရှားနိုင်မှာမဟုတ်ဘူးလို့ ပြောကြတယ်။ သူတို့သည် အသိစိတ်ပျောက်ကာ နတ်ဆိုးကဲ့သို့ ရူးသွပ်သွားသည်အထိ နေ့စဥ် ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ အဆုံးမှာတော့ အဆိပ်တွေက သူတို့ရဲ့ အတွင်းအင်္ဂါတွေထဲတွင် ပေါက်ကွဲပြီး သေဆုံးသွားလိမ့်မည်။
မုန့်ဖုတ်သမားလေးက အံ့သြစွာ မျက်လုံးပြူးပြီး "အိုဘုရား၊ အရမ်းကြောက်စရာကောင်းတယ်။ အကယ်လို့ ထိုငါးကြီးက ဒီအဆိပ်ကုသာ အမှန်တကယ် မိခဲ့လျှင် ပျောက်ကင်းအောင် မကုသနိုင်တော့ဘူးလား?"
"မဟုတ်ပါဘူး ကမ္ဘာပေါ်မှာ သေစေနိုင်တဲ့ အဆိပ်တွေရှိတာကြောင့် သဘာဝအတိုင်း အဆိပ်ထုတ်ဖို့ နည်းလမ်းတွေလဲရှိပါတယ်။ ဒါပေမယ့် အခုငါတို့ရဲ့ ဦးစားပေးက သခင်လေးက ယန်ကျို့လူ အဆိပ်မိ မမိဆိုတာပဲ။ ငါတို့ ဒါကို အတည်ပြုနိုင်သရွေ့ သူ့လက်ရှိအခြေအနေကို သက်သာရာရစေမယ့်နည်းလမ်းကို ငါအနည်းဆုံးစဉ်းစားနိုင်မှာပါ" ဟုပြောနေစဥ်မှာပင် ကုချင်းရွယ်သည် သူမ၏လက်ထဲတွင် ဆေးကို ဖျော်စပ်ပြီးသွားပြီဖြစ်သည်။
အပြာဖျော့ဖျော့ဆေးဖက်ဝင်အရည်သည် ပျော့ပျောင်းသောရေခဲပုံဆောင်ခဲအလွှာဖြင့် ဖုံးအုပ်ထားပုံရပြီး လန်းဆန်းသောရနံ့ကို ထုတ်ပေးသည်။
မုန့်ဖုတ်သမားလေး၏ အာရုံစူးစိုက်ထားသော အကြည့်အောက်တွင်ပင် ကုချင်းရွယ်သည် ရုန်ကျန်း၏ သွေးတစ်စက်ကို စမ်းသပ်ပြွန်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။
သွေးတစ်စက်ကို ဆေးအရည်နှင့် ပေါင်းစပ်ပြီးနောက်၊ ၎င်းသည် ဆေးဖက်ဝင်အရည်ထဲတွင် ပင့်ကူမျှင်ကဲ့သို့ အနီရောင် သွေးပြန်ကြောများ ချက်ချင်းပျံ့နှံ့သွားသည်။ သွေးနှင့် ဆေးရည်သည် ပွင့်နေသော ပန်းပွင့်ကဲ့သို့ သွေးစွန်းသော အနံ့များ ထွက်ပေါ်ကာ တစ်ထပ်တည်း ပေါင်းစပ်သွားခဲ့သည်။
YOU ARE READING
ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။
Historical Fiction21 ရာစုက သုသေသနပညာရှင်မလေးက ရှေးခတ်ကိုရောက်သွားပြီး သူမဝင်စားခဲ့တဲ့ မူလပိုင်ရှင်မှာ ရိုးရိုးအေးအေး ယောင်္ကျားတစ်ယောက်နဲ့ ခလေးသုံးယောက်ကို ဘယ်လို စောင့်ရှောက်ပေးမလဲဆိုတာ ...