အပိုင်း 46

1.1K 136 3
                                    

မင်းက ငါ့ဆီကနေ စိုးရိမ်ကင်းဆေးမြက်ပင်ကို ခိုးသွားပြီးတော့ ဘယ်လိုလုပ်ပြီး ငါ့ဆီကနေဆုငွေ တောင်းရဲရတာလဲ?...

ကုချင်းရွယ်က ရုန်ကျန်းကိုမြင်သောအခါတွင် သူမသည် အကြံအစည်တစ်ခုထဲ ရောက်သွားသည်ဟု ရုတ်တရက်ခံစားမိသွားသည်။

သူမကို ဆုပေးမယ်ဆိုတာက လိမ်ညာနေပုံရတယ်။ ဒီလူတွေက သူမအတွက် ပွဲစီစဉ်ပေးခဲ့တာ ထင်ရှားပါတယ်။

"ထတော့" ရုန်ကျန်းက ထိုင်ခုံမှာဝင်ထိုင်ပြီး လုရီဆီက လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်တယ်။

ကုချင်းရွယ်သည် ရုန်ကျန်း၏ ပျင်းရိသောအမူအရာကိုမြင်သောအခါ၊ သူမသည် ရင်ဆိုင်ရခက်သော သူနှင့်ထိပ်တိုက်တွေ့နေရမှန်းသိလိုက်သည်။

ဒီလူကို သူမ ပထမဆုံးအကြိမ်တွေ့ထဲက ယုံကြည်မှုအပြည့်နဲ့ သန်မာတဲ့သူမျိုးဖြစ်တယ်။ ထို့အပြင်၊ သူသည် မင်းသား၏အိမ်တော်မှ ဖြစ်သောကြောင့် သူ၏အဆင့်အတန်းသည် ချမ်းသာသည်ပြီး မြင့်မြတ်သည်မှာ မလွဲပေ။ သူမလို သာမန်ရွာသူတစ်ယောက်က ထိုလူနှင့် ရင်ဆိုင်ရန်မဖြစ်နိုင်ပေ။

သို့သော် ယင်းက သူမ သူ့ကို ကြောက်သည်ဟု မဆိုလိုပါ။

"ဒီအမျိုးသမီးက စိုးရိမ်ကင်းဆေးမြက်ပင်ကိုရခဲ့တာလား။" ဖုချန်သည် ကုချင်းရွယ် ကိုကြည့်ကာ သူမ၏ အံ့သြဖွယ်အသွင်အပြင်ကြောင့် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

သို့သော် ဖုချန်သည် သူ့အကြည့်ကို မရုပ်သိမ်းမီ တစ်ချက်ကြည့်လိုက်ရုံသာရှိသည်။

ရုန်ကျန်း လွှတ်လိုက်သော ဖိအားကြောင့် မည်သူမျှ စောဒဂ မတက်ဝံ့ကြပေ။ အားလုံးက ခေါင်းငုံ့ပြီး ကြက်တစ်ကောင်လို ငြိမ်ဝပ်နေကြတယ်။

"ဟုတ်ပါတယ် ကျွန်မနာမည်က ကုချင်းရွယ်ပါ။ ခရိုင်မှူးနှင့်သခင်လေးကို လေးစားစွာ ဂါရဝပြုပါသည်။ သခင်လေး ကတိပေးထားတဲ့ ဆုကြေးကို အခု ပေးနိုင်မလား၊ ကျွန်မ လုပ်စရာတွေရှိသေးတာမို့ အမြန်ထွက်သွားရမယ်။ ကုချင်းရွယ်က အခြားသူများကဲ့သို့ ရုန်ကျန်း၏ ခန္ဓာကိုယ်မှ ထွက်လာသော အေးစက်နေသောဖိအားကို မခံစားရတဲ့ သူတစ်ယောက်ကဲ့ ပုံမှန်အတိုင်းသာ စကားဆက်ပြောနေခဲ့သည်။ သူမက သူ့ကို မျက်နှာချင်းဆိုင်ပြီး အနည်းငယ် ပြုံးပြကာ 'စိတ်အေးနေပြီး စိတ်ပူမနေဘူးဆိုတဲ့ ပုံစံကိုထုတ်ပြလာခဲ့သည်။

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now