အပိုင်း 47

1.1K 117 2
                                    


သူ့ကို ကုသပြီးနောက် အမှတ် 10,000 ရလိမ့်မည်။

.......

ရုန်ကျန်း၏ အပြုံးသည် ရေခဲကိုတောင် အရည်ပျော်သွားနိုင်သကဲ့သို့ ပြီးပြည့်စုံတာကြောင့် ကုချင်းရွယ် သည် သူ့ကို နောက်တစ်ကြိမ်ပင် ထပ်မကြည့်နိုင်တော့ပေ။

သူမ သူ့ကို အကြိမ်ရေများစွမြင်ဖူးနေပါစေ သူ့မရှေ့ကလူက တကယ်ချောတယ်လို့ ဝန်ခံရမယ်။

သို့သော် နှမျောစရာက သူ့မှာဘယ်လောက်ပဲကြည့်ကောင်းတဲ့ ရုပ်ရည်ရှိနေပါစေ အဲ့ဒါက သူမအပေါ် မတရားသဖြင့် အခွင့်ကောင်းယူလို်ရတယ်လို့ မဆိုလိုဘူး။

သို့သော် ကုချင်းရွယ်သည် ရုန်ကျန်းကို ပိုကြည့်လေ၊ သူ့အမူအရာမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူမ ခံစားလာရလေဖြစ်သည်။

ရုန်ကျန်းက အဲ့ဒါကိုကောင်းကောင်းဖုံးကွယ်ထားနိုင်ရင်တောင်မှ အံ့သြဖွယ်ဆရာဝင်တစ်ယောက်အနေနဲ့ ကုချင်းရွယ်က တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။

သူ့မျက်လုံးထဲမှ အရိပ်များသည် တခဏအတွင်း ပျောက်ကွယ်သွားတာက ကုချင်းရွယ်ကို ၎င်းက သူမ၏ အမြင်မှားမူတစ်ခုဟု ထင်မြင်သွားစေသည်။

ကုချင်းရွယ်က လှပသောအရာများကိုညသဘောကျတတ်သော်လည်း သူမက ထိုအရာတွေကို အပျော်သဘောအနေနဲ့သာ နှစ်သက်ခြင်းဖြစ်သည်။သူမ ထုတ်ဖော်ပြမိပါက ရုန်ကျန်းကို စော်ကားသလိုဖြစ်မှာစိုးတာကြောင့် သူမက ချက်ခြင်းပင်အကြည့်ပြန်လွှဲလိူက်သည်။

မမျှော်လင့်ဘဲ၊ ဤအခိုက်အတန့်တွင် စနစ်၏သတိပေးသံသည် သူမစိတ်ထဲတွင် ထွက်ပေါ်လာသည်။

"သတိပေးချက်! သတိပေးချက်! ဒီလူဆီမှာ ထူးဆန်းတဲ့ လက္ခဏာတစ်ရပ်ရှိနေတယ်။သူကအဆိပ်ခတ်ခံရပြီး သူ့အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ သခင်က သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားနိုင်ရင် မင်း အမှတ်တွေ အများကြီး ရလိမ့်မယ်!" မုန့်ဖုတ်သမားလေး၏ စိတ်လှုပ်ရှားနေသော အသံသည် ကုချင်းရွယ်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ကုချင်းရွယ်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူမ မျက်လုံးကို လှိမ့်လိုက်သည်။ ' နင် ငါ့ကိုငတုံးလို့ ထင်နေတာလား၊ သူ့လိုလူကို ရင်ဆိုင်ဖို့ဆိုတာ အစထဲက လွယ်ကူတာမဟုတ်ဘူး၊ ငါက သူ့ဆီကနေတောင် အခုထိရုန်းထွက်ဖို့ခက်နေတာကို အဆိပ်ထုတ်ဖို့တဲ့လား? အမှတ်တွေလိုချင်ရုံနဲ့ ငါက ကိုယ့်လုံခြူံရေးကိုယ် လျစ်လျူရှုမယ့်သူလို့ ထင်နေတာလား?"

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now