အပိုင်း 37

1.2K 144 0
                                    

ဒီလူက အမျိုးသမီးတွေကို စိတ်မဝင်စားဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိတယ်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဖုချန်က သေတ္တာကို က ယူသွားပေမယ့် မဖွင့်ဘူး။ အဲဒီအစား သူက ရုန်ကျန်းကို လက်နှစ်ဖက်နဲ့ကိုင်ပြီး လွှဲပေးလိုက်တယ်။ "ကျွန်တော်က မျက်လုံးမကောင်း​ေတာ့ပါဘူး။သခင်ကြီးပဲ စစ်ကြည့်လိုက်ပါဦး"

ရုန်ကျန်က ခေါင်းညိတ်လိုက်သည်။ဖုချန်က သော့ကိုဖွင့်ပေးလိုက်ပြီးနောက် ပေါ်လာသောအရာကြောင့် ရုန်ကျန်းက ကျေနပ်အားရစွရယ်မောလိုက်တယ်။စိုးရိမ်ကင်းဆေးမြက်ပင်...တစ်ကယ်ကို စိုးရိမ်ကင်းဆေးမြက်ပင်ပဲ။

ဟောင်ရုန်ဖု သည် ရုန်ကျန်းကို ကြည့်ပြီးဘအနည်းငယ် ဇဝေဇဝါဖြစ်နေခဲ့သည်။

ယုတ္တိဗေဒအရပြောရရင် ဒီလူငယ်ဟာ စိုးရိမ်ကင်းဆေးမြက်ပင်ကို ရတာ အရမ်းပျော်နေရမှာဘဲ။ သို့သော် သူ့ပုံစံက ရှင်းရှင်းလင်းလင်းကို ပြုံးနေပါသော်လည်း အဘယ်ကြောင့် ရက်စက်ကြမ်းကြုတ်မှုအရိပ်အမြွက်ရှိသနည်း။

ဖုချန် လည်း ထပ်တူထပ်မျှ အံသြသွားသည်။ ဘေးမှာရပ်နေတဲ့ လဲ့ရီက နှုတ်ခမ်းကို နှစ်ကြိမ်မျှလှုပ်လိုက်တယ်။

စိုးရိမ်ကင်းဆေးမြက်ပင်သည် အလွန်ရှားပါသော ဆေးပင်ဖြစ်သည်။ ချင်းယွမ်မြို့အနီးတစ်ဝိုက်တွင် စိုးရိမ်ကင်းဆေးမြက်ပင်နှစ်ပင် တစ်ချိန်တည်းပေါ်လာရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤမြက်ပင်သည် ယမန်နေ့က ၎င်းတို့၏ ဘုရင်မင်းမြတ် လုယက်ခံရသော မြက်ပင် ဖြစ်သည်။

လဲ့ရီသည် ရဲရင့်သောအမျိုးသမီးက စိုးရိမ်ကင်းဆေးမြက်ပင်ကိုခိုးယူခဲ့ရာ၌ မည်သည့်လှည့်ကွက်မျိုးဖြစ်ခဲ့သည်ကို မသိသော်လည်း ထိုအမျိုးသမီးသည် ဆေးခိုးယူရုံသာမက ဆေးကိုယူ၍ တစ်စုံတစ်ဦးထံတင်ပြခိုင်းရန် သတ္တိရှိမည်ဟု မထင်ထားခဲ့ပေ။

ဤအရာက မည်သို့သော သတ္တိနှင့် မကြောက်မရွံ့သော စိတ်ဓာတ်မျိုးဖြစ်သနည်း။

"သခင်ငယ်၊ ဒါမှန်တယ်ဆိုတော့ ကတိပေးထားတဲ့ ဆုလာဘ်က..." ဟောင်ရုန်ဖု က သူ့လက်တွေကို ပွတ်သပ်ပြီး ရိုးရိုးသားသား အပြုံးလေးနဲ့ ပြောလိုက်ပါတယ်။

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now