အပိုင်း 11

1.5K 196 0
                                    

ဘာဖြစ်လို့လဲ အကို?

ခါတိုင်းကဲ့သို့ပင် ကလေးတွေက ထမင်းစားပြီးနောက် ပန်းကန်ဆေးဖို့ လုပ်ကြတယ်။သို့သော် အခုချိန်တွင် Gu Qingxue သည် လေးငါးနှစ်အရွယ်ကလေးအား ဤအရာများကို လုပ်ခွင့်မပြုနိုင်ပေ။ထို့ကြောင့် ဂူလင် မတ်တပ်ရပ်လိုက်သည်ကို သူမမြင်သောအခါ အမြန်ထလိုက်ပြီး ဂူလင်၏လက်ထဲမှ ပန်းကန်များနှင့် ဇွန်းများကို လုယူလိုက်သည်။

ဂူလင်၏အနက်ရောင် မျက်ဝန်းများသည် ရှုပ်‌ထွေးမှုများဖြင့် Gu Qingxue ကိုကြည့်လိုက်သည်။

"အမေ ဆေးလိုက်မယ်" Gu Qingxue က သူမရဲ့ အပြုံးကို နူးညံ့သိမ်မွှေ့အောင် အစွမ်းကုန်ကြိုးစားထားသည်။

သူမသည် တစ်နေ့နေ့တွင် ကလေးတစ်ဦးနှင့် ငြင်းခုံရမည်ဟု မထင်ထားခဲ့ပေ။

Gu Qingxue က ဒန်ဘီနှင့် ဂူလင်းပေါင်တို့က ဆက်ဆံရတာ ပိုမိုလွယ်ကူသည်ဟု ခံစားမိသော်လည်း လင်းအာသည် ကျန်ကလေးနှစ်ယောက်ထက် ပိုရင့်ကျက်သည်ဟု ခံစားရသည်။ထို့ပြင် တစ်စုံတစ်ခုကို သတိပြုလွယ်ပေသည်။

အမှန်တစ်ကယ်တော့ ဂူလင်တစ်ယောက်ထဲမဟုတ်ပေ။ဒန်ဘီနှင့် ဂူလင်းပေါင်တို့သည်လည်း သူတို့၏မိခင်သည် ယခင်ကနှင့် မတူကြောင်း သတိထားမိကြသည်။သူတို့နှစ်ယောက်က လက်ရှိ Gu Qingxue ကို ကြိုက်ကြတာမို့ Gu Qingxue ဘာကြောင့် ပြောင်းလဲသွားလဲဆိုတာ တွေးမနေကြတော့ပေ။

ဂူလင်က မလှုပ်ဘဲ Gu Qingxue ကိုသာ နားလည်ရခက်သော မျက်ဝန်းများနှင့် စိုက်ကြည့်နေသည်။သူမ၏ နှုတ်ခမ်းထောင့်မှ အပြုံးသည် မပြောင်းလဲသွားဘဲ" စာမေးပွဲက နှစ်ရက်နေဖြေရတော့မှာ၊ မင်း စာမလုပ်ချင်ဘူးလား? စာကောင်းကောင်း သွားလေ့လာ"

ဤမင်းဆက်တွင် စာပေကို ကိုယ်ခံပညာများထက်ပို၍ တန်ဖိုးထားကြသည်။ပညာရှင်တွေ၏ အဆငိ့အတန်းသည် အတော်လေးမြင့်မားပေသည်။ယေဘူယျအားဖြင့်ပြောရလျှင် အသက်လေးနှစ်အထက် ယောင်္ကျားလေးများသည် ကျောင်းသို့သွားရမည်ဖြစ်ပြီး စာမေးပွဲကိုလဲ ဖြေဆိုရပေမည်။

လင်းအာသည် ပညာသင်ကြားရာတွင် ပါရမီရှင်တစ်ဦးဖြစ်လာခဲ့သည်။အကြောင်းမှာ သူက အလွန်ဉာဏ်ကောင်းသောကြောင့်ပင်။နောက်ပြီးသူ့မှာ ဓါတ်ပုံမှတ်ဉာဏ်လဲ ရှိသောကြောင့်ပင်။

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now