အပိုင်း 36

1.2K 140 2
                                    

ဒီအရေးကြီးပုဂ္ဂိုလ် ဘယ်ကရောက်လာတာလဲ?

"ဆိုင်ရှင်ဟောင် ဒါက ဒီနှစ်ထွက်ထားတဲ့ အကောင်းဆုံးလက်ဖက်ရည်အသစ်ပါ။ ကျေးဇူးပြုပြီး အရင်သောက်နှင့်ပါ သခင်ကြီး ဒီကို မကြာခင်ရောက်လာမှာပါ"ရုံးစောင့်က သူ့မျက်နှာပေါ်တွင် တောက်ပသော အပြုံးကို အတင်းအကြပ်တပ်ဆင်ကာ လှပသောအစေခံအား ဟောင်ရုန်ဖုဆီသို့ လက်ဖက်ရည် ဆက်သစေခဲ့သည်။

ဟောင်ရုန်ဖု၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့်  ပြည့်နှက်နေသည်။သူက လက်ဖက်ရည်ခွက်ကို လက်နှစ်ဘက်နှင့်ကိုင်ကာ ကုလားထိုင်၏ သုံးပုံတစ်ပုံကို တင်းပါးနှင့် သေချာထိုင်ချလိုက်သည်။ မသက်ာစရာ လှုပ်ရှားမှုတစ်ခုခုရှိလျှင် ချက်ချင်းထရပ်နိုင်ရန်ဖြစ်သည်။

ပန်းခန်းမတွင် ကြီးကြီးကျယ်ကျယ်နှင့် ဈေးကြီးသော အလှဆင်မှုများ မရှိသော်လည်း ရိုးရှင်းသော အလှဆင်မှုများသည်ပင် ခံ့ညားထည်ဝါမှုကို ဖုံးကွယ်ထား၍ မရပေ။ဟောင်ရုန်ဖုကဲ့သို့သော သာမန်လူတစ်ဦးအတွက် ယခုလိုနေရာမျိုးသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းကြောင့် အနည်းငယ် တုန်လှုပ်ချောက်ချားမှုကို မခံစားရဘဲမနေပေ။

"ခရိုင်မှူး ဒီမှာ!" မကြာမီတွင် ဝန်ထမ်း၏အသံထွက်ပေါ်လာခဲ့သည်။

ဟောင်ရုန်ဖုက ခေါင်းကို မော့ပြီး ခန်းမရဲ့ ပင်မတံခါးဆီကို ကြည့်လိုက်တယ်။

သို့သော် ဟောင်ရုန်ဖုကို အံ့အားသင့်​စေသောအရာမှာ ဦးဆောင်လာခဲ့သူမှာ ခရိုင်မှူး ဖုချန် မဟုတ်ဘဲ ထူးခြားပြီး အေးစက်သော အသွင်အပြင်ရှိတဲ့ အမျိုးသားတစ်ဦးဖြစ်သည်။

ထိုလူကို မြင်လိုက်သည်နှင့် ဟောင်ရုန်ဖု သည် ကမ္ဘာပေါ်သို့ ဆင်းသက်လာသော နတ်တစ်ပါးကို မြင်လိုက်ရသည်ဟု တွေးလိုက်မိသည်။

ဟောင်ရုန်ဖုသည် ကမ္ဘာပေါ်တွင် ဤမျှလောက်ချောမောသော ရုပ်ရည်မျိုးရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ ထိုလူသည် နက်မှောင်သော ၀တ်ရုံရှည်ကို ၀တ်ထားသည်။ သူသည် ပန်းပုရုပ်ကဲ့သို့ ချောမောပြီး သူ့ပတ်ဝန်းကျင်ရှိ ရောင်ဝါကပင် ထူးခြားနေသည်။ သူပေါ်လာသည့်အခိုက်အတန့်တွင် တစ်စုံတစ်ခု၏ ဖိအားကို ခံရသည်။ လူတိုင်းသည် မသိစိတ်က အသက်ရှုကြပ်ပြီး ကြောက်လန့်တကြားငြိမ်သက်သွားကြတယ်။

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now