အပိုင်း 26

1.4K 167 0
                                    

မင်းက အမြတ်ကြီးစားတဲ့သူပဲ၊ ဘာလို့ သွားမခိုးသေးတာလဲ?

"အိုကေ၊ ဒီမှာ အခန်းရှိတယ်" ဆိုင်ရှင်သည် ကုချင်းရွယ်၏စကားများကို သဘောတူပြီး အနီးဆုံးအခန်းဆီသို့ အမြန်ခေါ်သွားခဲ့သည်။

"ရှောင်လင်း၊ ဒန်ဘီနဲ့လင်းပေါင်ကို ခေါ်ပြီး မင်းရဲ့ဦးလေးလီဆီ  ခေါ်သွားလိုက်ပါ။ မေမေ မကြာခင် ပြန်လာမယ်" ကုချင်းရွယ်က စကား‌ေပြာပြီးတဲ့အခါ သူမက ကလေးသုံးယောက်ကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။

ကုလင်းက ခေါင်းကို အသာညိတ်လိုက်သည်။ ထို့နောက် သူတိူ့သုံးယောက်သည် မိခင်ဖြစ်သူ အခန်းထဲဝင်သွားသည်ကို စောင့်ကြည့်‌နေခဲ့ကြသည်။

ကုချင်း‌ရွယ်က အခန်းထဲသို့ ဝင်ပြီးနောက် သူမနှင့် လူနာကို အခန်းထဲတွင် နှစ်ယောက်တည်း ထားခဲ့ပြီး ဆိုင်ရှင်ကို ထွက်သွားခိုင်းခဲ့သည်။

ကုချင်းရွယ်သည် သည် လူနာရှေ့ရောက်လာသောအခါ သူမ လက်ညှိုးကို မြှောက်ကာ လူနာ၏ ရင်ဘတ်ပေါ် ဖိလိုက်သည်။ သူမသည် တစ်စုံတစ်ခုကို ဆက်လက်ရှာဖွေရန် ကြိုးစား‌နေခဲ့သည်။

ထို့နောက် ကုချင်းရွယ်သည် သူမအိတ်ထဲမှ အပ်တစ်ချောင်းကို ထုတ်လိုက်သည်။

တကယ်တော့ သူမ ခနက ကလေးတွေကို လိမ်ခဲ့တာ။ သူမ မေ့ကျန်ခဲ့သော တစ်စုံတစ်ခုကို ယူရန် အပြင်သို့ ထွက်သွားခြင်းမဟုတ်ပေ ။ ယင်းအစား သူမသည် လူပြတ်သောနေရာသို့သွားကာ သုတေသနအင်စတီကျုမှ အပ်တစ်ချောင်းတောင်းရန် စစ်စတန်ငယ်အား တောင်းဆိုခဲ့သည်။

သူမသည် ထိုအမျိုးသား၏ အခြေအနေကို အဝေးမှပင် သတိပြုမိခဲ့ပြီး ထိုအမျိုးသားမှာ နှလုံးရောဂါရှိနိုင်သည်ဟု ခန့်မှန်းနိုင်ခဲ့သည်။

အထူးသဖြင့် အမျိုးသား၏ ရင်ဘတ်သည် ပြင်းပြင်းထန်ထန် ခုန်နေတာကို သူမတွေ့လိုက်ရသောအခါတွင်ဖြစ်သည်။သွေးထွက်ခြင်းမှာမူ နာတာရှည် ဒဏ်ရာကြောင့်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ စုဆောင်းထားသော သွေးများသည် နှလုံးဆီရာက်သွားကာ အမျိုးသား၏ အပြင်းအထန် အမောဖောက်စေခဲ့သည်။

ငါ့မေမေက နောက်တစ်ကြိမ်ထပ်ပြီး မျှော်လင့်နေပြန်ပြီ။Where stories live. Discover now