Ep.8

1K 96 0
                                    

[Unicode]

Company ရုံးခန်းထဲမှာ အနောက်က Bodyguard နှစ်​ယောက်နဲ့ lisa အလုပ်ရှုပ်နေသည်။ အလုပ်က တော့ Instagram သုံးနေခြင်းဖစ်သည်။

ထပ်အသေးစိတ်ပြောရမယ်ဆိုရင်RUBY ရဲ့ Instagram accကိုဝင်ကြည့်နေတာ.

Rubyနောက်ဆုံးတင်ထားတဲ့Video ကို lisa ကြည့်ရန် clip buttom လေးကို နှိပ်လိုက်သည်။

နှိပ်လိုက်တာနဲ့ တစ်ပြိုင်နက် Playဖစ်သွားတဲ့ Videoလေးနဲ့ Jenရဲ့ ပုံရိပ်လေးတွေပေါ်လာသည်။ Lisa ပြုံးလိုက်မိသည်ထင်တယ်။

အဟမ်း အဟွန့် အဟမ်း ~~

Lisaအနောက် က Bodyguard နှစ်​ယောက်ထဲက တစ်ယောက်က ချောင်းထ ဆိုးလိုက်တာဖစ်သည်။ အဲတော့မှ Lisaလည်း အသိစိတ်ပြန်ဝင်လာကာ ဖုနး်ကိုလက်ထဲကချကာ မှောက်ထားလိုက်သည်။ ချက်ချင်း Rubyပုံရိပ်လေးကြောင့်ပြုံးနေတဲ့ မျက်နှာကို ပြန်တည်လိုက်ပြီး မျက်မှောင်ကို ကြုတ်ထားလိုက်သည်။ အနောက်က Bodyguard နှစ်ယောက်ကို မျက်မှောင်ကြုတ်လျက် လှည့်ကြည့်လိုက်တော့ တစ်​ယောက်က အကြည့်လွဲကာ ရှေ့ကို ခပ်တည်တည်စိုက်ကြည့်နေပြီး ချောင်းဆိုးတဲ့ တစ်ယောက်က ကျတော့ သူမဟုတ်သလိုပင်။

ဒါကြောင့်ဘာမှမပြောနေတော့ပဲ
ဘေးက Fileတွဲတစ်တွဲကို ယူကာ Checking လုပ်နေလိုက်သည်။

Secretary -Boss! ဒီနေ့ project အတွက် ထပ်လုပ်မယ့် အစည်းအဝေးက IGJ Company မှာကျင်းပ မှာပါ။

Lisa- Ok.အခု သွားဖို့ ပြင်ထားလိုက်ပါ။

Secretary -Boss အစည်းအဝေးပွဲကဒီအချိန်မဟုတ်သေးပါဘူး။

Lisa- Projectကိုကိုင်တွယ်နေတဲ့CEOအနေ နဲ့ ကြိုရောက်နေတော့ကောင်းတာပေါ့။ အခုကားပြင်ထားလိုက်ပါ။ ပြီးတော့ Rubyရဲ့ Secretary ကိုလည်းအကြောင်းကြားလိုက်ပါ.ငါ Ruby နဲ့တွေ့ချင်တယ်။

Secretary- ဟုတ်ကဲ့ပါ Boss. သဘောအတိုင်းလုပ်ထားလိုက်ပါ့မယ်။

LSA ဘက်က CEO ကိုယ်တိုင်လာတာမို့ ဝန်ထမ်းတွေက အပေါက်ဝ မှာ ကြုိဆိုကြသည်။ Ruby ရဲ့ Secretary လို့ထင်ရတဲ့ အမျိုးသမီး က lisa ရှေ့မှာလာရပ်ပြီး

"Director အထဲမှာစောင့်နေပါတယ်ရှင့် ကြွပါ"

ဆို၍ လမ်းပြကာ အခန်းသို့ညွှန်သည်။

LOVE IS JENNIE RUBY JANE Where stories live. Discover now