Ep.11

1.2K 101 0
                                    

[Unicode]

မနက်ပိုင်းတုန်းက မဂ်လာပွဲ ပြီးသွားပေမယ့်ဒီညမှာတော့ Company စီးပွားရေး Partnerတွေနဲ့ ညစာစားပွဲ လုပ်ရမယ်လို့ပြောပြီးDaddyကစီစဥ်တော့ ညပိုင်း အိမ်မပြန်ရသေးပဲ ပွဲတက်ရပြန်ပြီ။

မနက်ပိုင်းက အဖြူရောင်ဂါဝန်နဲ့လှနေတဲ့ lisaရဲ့သတို့သမီးလေးက အခု ညပိုင်းမှာတော့ အနက်ရောင် long dressလေးကို မှ အောက်ကပေါင်တစ်ခြမ်းကိုခွဲကာဝတ်ဝင်ထားတော့ အတော်လေးဆွဲဆောင်မှုရှိလှသည်။

Jisoo-Congratulations lisa။ တကယ့်ကို lisa က ဒီလို မိန်းမလှလေးရှိနေတာကို လူသိမခံပဲ ဖုံးထားတာပဲ။ အရင်က ဆို သတင်းစာရှင်းလင်းပွဲတွေတောင်လုပ်လိုက်သေးတယ်။ အခုတော့ ပေါ်လည်း ပေါ် ကော အကုန်လုံး Surprise ဖစ်ကုန်ပြီ။ ပျော်ရွင်ဖွယ် ညလေး ပိုင်ဆိုင်ပါစေ lisa။

Lisa ကတော့ Jisooပြောတာကို ကြားပြီး အရှေ့ စားပွဲက တင်ထားတဲ့ Juice လေးကို စိတ်ငြိမ်စေရန် တစ်ခွက်မော့ချလို်က်ရသည်။jisoo က lisa အဖစ်ကို ကြည့်ပြီး ရယ်နေတော့တာပဲ။

Jisoo-ဒီလိုပွဲမျိုးမှာ Chaeyoungလေးရှိရင်ကောင်းမှာပဲနော်။

Lisa-Chaeyoung ကသူ့ဟာသူ အဆင်ပြေနေပါပြီ ။

Jisoo-တို့ Chaeyoung ကိုတွေ့ချင်တယ်lisaရယ်။ ပြောပြလို့မရဘူးလား။

Lisa jisooကိုအကဲခတ်ကြည့်တော့ မျက်လုံးများကရီဝေဝေနှင့် ဝိုင်သောက်ထားပုံရသည်။မူးနေလို့ဒီစကားတွေကိုပြောထွက်တာလား။ စိတ်ထဲမှာ တကယ်ပဲ Chaeyoung ရှိနေလို့ပြောထွက်တာလား။

Lisa-သူ့လုံခြုံရေးအတွက်ပြောပြလို့မရပေမယ့် chae က sooရဲ့ အနီးဆုံးမှာရှိနေမှာပါလို့မျော်လင့်ရတာပဲ။ဘာလို့ဆို Chaeတစ်ယောက်တည်းဖစ်နေတဲ့အချိန်မှာ sooကသာသူ့အတွက်ရှိနေပေးတာလေ။

Soo-တောင်းပန်တယ် Lisa။ဒီလိုနေ့မျိုးမှာဒါတွေမပြောသင့်ဘူး။

Lisa-lisaအဆင်ပြေပါတယ် soo။ Chae သာ sooစကား နားထောင်မယ် ဆိုရင် ကောင်းမှာပဲ။ အာ... Rubyဆီ သွားလိုက်ဦးမယ်။

Jisoo- သွားသင့်တာကြာပြီ lisa။ ဟိုမှာ စိတ်ဆိုးနေတာလားမသိဘူး။

ဘာမှမသိတဲ့ sooကတော့ပြောအားရှိတာပေါ့။ ကိုယ်က သာ သူ့ကို မျက်စိအောက်က အပျောက်မခံ ကြည့်နေတာ။ sooနဲ့စကားပြောနေရင်း ခန စိတ်လွတ်သွားတာတောင် ကိုယ့်ဘေးယှဥ်ရပ်နေတဲ့သူမ က မရှိတော့ဘူးလေ။lisa လိုက်ရှာကြည့်လိုက်တော့တွေ့ပါပြီ သူ့ သူငယ်ချင်းတွေနဲ့စကားပြောနေတဲ့ပုံပဲ။lisaလည်း သူ့မဆီသွားကာ ဘေးချင်းယှဥ်ရပ်ပြီး နောက်ကျောမှသိုင်းကာသူမခါးကိုဖက်ထားလိုက်သည်။ သူငယ်ချင်းတွေနဲ့စကားပြောနေတဲ့သူမက ငြိမ်ကျသွားပြီး ချက်ချင်းကို မျက်နှာတည်လိုက်တာ lisaရိပ်မိပါသည်။

LOVE IS JENNIE RUBY JANE Where stories live. Discover now