Ep.22

2K 117 0
                                    

[Unicode]

JENNIE POV:

မင်္ဂလာတံခါးနှစ်လွာကတဖြည်းဖြည်းပွင့်အာလာတဲ့အချိန်မှာတော့ ကျမရှေ့တည့်တည့်ကFatherနားမှာရပ်စောင့်နေတဲ့သူ့ကိုပထမဆုံးမြင်လို်က်ရသည်လေ။

ကျမကိုမြင်တော့သူကလက်နှစ်ဖက်နောက်ပစ်ထားရာမှဖြုတ်လိုက်ပြီးကျောမတ်ကာချောင်းတစ်ချက်ပြင်ဟန့်တာကိုလည်းကျမမြင်လိုက်သည်။

Appa လက်ကိုချိတ်ပြီးမင်္ဂလာကောဇောနီပေါ်ကိုလျောက်လှမ်းတော့ကျမရင်မဆိုင်ရဲတဲ့သူမျက်ဝန်းနက်နက်တွေနဲ့ မျက်တောင်မခတ်ပဲကျမကိုစိုက်ကြည့်ပြီးပြုံးနေတဲ့သူ...။သူ့မျက်လုံးတွေကလည်းအရောင်လဲ့ကာတောက်ပကြည်တောက်လို့...။

Appaကျမလက်ကိုသူ့ဆီအသေအချာအပ်တော့သူ့လက်ဖြူဖြူရှည်ရှည်တွေနဲ့ကျမဆီကိုလက်လှမ်းသည်လေ..။

Appaကမှာတန်းခြွေစကားခနပြော​ေနတာတောင် ကျမလက်တွေကိုမလွတ်ချပဲသူ့လက်ဖဝါးနဲ့ခံယူထားရင်းနဲ့သူ့လက်မနဲ့​ကျမလက်ဖမိုးကိုဖြည်းဖြည်းချင်းပွတ်သပ်နေသေးတာ။

ဒီလိုမျိုးအကြောင်းအရာအသေးလေးကအစနူးညံစွာဆက်ဆံပုံကိုတွဲခဲ့တဲ့ဘယ်လူတစ်ဦးတစ်ယောက်ဆီကမှမရခဲ့..။

ကျမလက်ကိုနမ်းခဲ့ကြ​တာပဲရှိပြီး
အလကားနေရင်းဒီလိုအ​​မြတ်တနိုးနဲ့ဘယ်သူ့မှပွတ်သပ်မကိုင်တွယ်ခဲ့ဘူးလေ။

Appaနဲ့စကားပြောပြီးတော့သူက ကျမလက်တွေကိုသူ့လက်မောင်းမှာချိတ်တွယ်လာစေပြီးကျမကိုတစ်ချက်ကြည့်သည်လေ။

ကျမ ကတော့ကိုယ့်ရှေ့မှာရှိတဲ့ Fatherဆီကိုပဲအကြည့်ရောက်စေလိုက်သည်။

ဂတိပြုစကားတွေဆိုကြတော့သူနှုတ်ခမ်းနှစ်လွာမှလွယ်လွယ်နဲ့စကားတွေထွက်ကြလာပေမယ့်ကျမကတော့သူ့လုပ်ရပ်ကိုမုန်းတီးတဲ့အ​နေနဲ့အလွယ်တကူစကားတွေကမထွက်လာခဲ့။

သူရဲ့အရောင်တွေကြည်လဲ့နေတဲ့မျက်လုံးတွေက​နေအနည်းငယ်ဖျော့တော့သွားကာ
ကျမကိုငဲ့ကြည့်တာကိုလည်းသိပါသည်။

FATHERရဲ့ဒုတိယမြောက်အမေးစကားမဆုံးခင်ပဲသူ့မျက်လူံးတွေကြောင့်သာနှုတ်ခမ်းတွေကိုတင်းတင်းကိုက်ထားရင်းမှကျမရဲ့ဂတိစကားကဖြေထွကိသွားသည်ထင်ပါရဲ့။

LOVE IS JENNIE RUBY JANE Kde žijí příběhy. Začni objevovat