Ep.15

1.3K 103 0
                                    

[Unicode]

Lisaတစ်ရေးအိပ်နေရာမှနိုးလာပြီးမျက်စိနှစ်လုံးပွင့်တာနဲ့ ပထမဆုံးရှာမိတဲ့လူက Ruby။အောက်ထပ်ကိုဆင်းလာတော့ အိမ်တော်ထိန်း Jhinnက lisaနဲ့အကြည့်ချင်းဆုံလိုက်တာနဲ့ ခေါင်းငုံကာ ချက်ချင်းအကြည့်လွဲသွားတယ်လေ။

Lisa- အာဂျီးမား li ကို တစ်ခုခုပြောစရာများရှိနေလား။

"အာ.မဟုတ်..ဘာမှမရှိပါဘူး li ရဲ့။ ဘာဖစ်လို့မေးတာလဲ အာဂျီးမားကို"

အိမ်တော်ထိန်းJhinnက ပျာပျာသလဲ နဲ့ ​​ဖြေ ကတည်းက lisa သိလိုက်ရပါပြီ။

Lisa-Rubyဘယ်မှာလဲ။

Lisa မျက်မှောင်ကြုတ်လျက် အသံကို ခပ်တင်းတင်းနဲ့မေးလိုက်သည်။

Jhinn- မမလေးက.. မမလေးက..

အိမ်တော်ထိန်းပြောတဲ့စကားကို စောင့်လောက်ရအောင်ထိ စိတ်မရှည်နိုင်တော့။ Rubyကိုသာ လိုက်ရှာနေမိသည်။ ခြံရှေ့ ဧည့်ခန်း မီးဖိုချောင် အပေါ်ထပ် တွေကော အောက်ထပ်တွေပါ မကျန် လိုက်ရှာလည်း အရိပ်အယောင်တောင်မတွေ့။ Lisaခေါင်းတွေကောရင်တွေပါထူပူကုန်သည်။သူမ သွားတက်တဲ့နေရာတွေကိုသူ့သူငယ်ချင်းsomiကိုဖုန်းဆက်မေးပြီး Bodyguard တွေကိုအကြောင်းကြားကာ Rubyကိုတစ်နေရာမကျန်ရှာစေလိုက်သည်။စိတ်တွေကိုအတက်နိုင်ဆုံး​ဖြေလျော့နေနိုင်အောင်ကြိုးစားထိန်းချုပ်နေရသည်။

တီ.တီ.တီ

Lisa-တောက်စ် ကိုင်စမ်းပါ Irene

Irene-Hello li.တို့ကိုလွမ်းလို့ဖုန်းဆက်..

Lisa-ခင်ဗျားအပိုစကားတေ​ွမပြောနဲ့။ Rubyဘယ်မှာလဲ။ ပြီးတော့ ခင်ဗျား သူ့မကိုဘာတွေပြောလိုက်လဲ။

Irene-အို..မင်းရဲ့ Ruby ဘယ်မှာလဲဆိုတာတို့ဘယ်လိုလုပ်သိမှာလဲliရဲ့။ သိရအောင် Jennie kimကို တို့ဖမ်းထားတာမှမဟုတ်တာ။

Lisa-Irene!!ခင်ဗျား...

Irene-စိတ်လျော့ပါliရယ်။ တို့ က မင်းဒဏ်ရာသက်သာလားဆိုတာလာကြည့်ရုံတင်ပါ။ ကျန်တာ တို့ ဘယ်လိုလုပ်သိမှာလဲ liရဲ့။ ပြီးတော့li​မေးတဲ့မေးခွန်းဖစ်တဲ့ jennie kimကို တို့ ဘာတွေပြောခဲ့လဲဆိုတော့ သူ့နေရာကိုသူမေ့သွားမှာစိုးလို့ တို့ကအသိပေးခဲ့ရုံပါ။

LOVE IS JENNIE RUBY JANE Where stories live. Discover now