[Unicode]
Chaeတို့ဒီအခန်းကိုပြောင်းလာမိတာအမှား။တကယ့်ကိုအမှားပင်။မြင်ရတွေ့ရကြားနေရတာတွေကတကယ်ကိုမျက်စိဆံပင်မွေးဆူးစရာ။
စိတ်ကောက်နေတဲ့Lalisaကြီးကို
အဲ့နေ့ကသူ့မိန်းမဘယ်လိုပြန်ချော့လိုက်တယ်တော့မသိ။အဲဒီနေ့ကကိုယ်ဆရာဝန်နဲ့ပြပြီးပြန်အလာမှာတော့ကျောပေးထားတဲ့Lalisaနေရာအစားပြုံးဖြီးနေတဲ့Lalisaကြီးကိုသာမြင်တွေ့ခဲ့ရသည်။
အခုလည်းChaeရယ်sooရယ်နှစ်ယောက်လုံးရှိနေတာတောင်အရေးမစိုက်ပဲချစ်ကြည်နူးတစ်တီတူးနေလိုက်ကြတာ။
"မ" နဲ့အကြည့်ချင်းစုံသွားတော့ "မ"က
"ဒီနေ့တစ်ရက်ပါပဲ။မနက်ဖြန်ဆေးရုံကဆင်းရတော့မှာပါ"
ဆိုပြီးအကြည့်မျိုးနဲ့ကိုယ့်ကိုနှိမ့်သိမ့်ပေးလိုက်။
ဟိုဘက်ကုတင်ကကဲကဲပိုနှစ်ယောက်ကြည့်ပြီးလည်းခေါင်းတခါခါနှင့်ပင်။အဲဒါကြောင့်သူတို့ကိုချောင်းဟန့်သံပေးပြီးတားဖို့ဆုံးဖြတ်လိုက်သည်။
'အဟွန့်"
"အဟမ်း"
"အဟွန်းး"
"အဟွန်းဟွန်း"
Chaeတို်ရှေ့မှာတောင်သူတို့လူရှေ့မရှောင်အနမ်းတွေနဲ့ကျီစယ်ကြတာဒါပထမဆုံးအကြိမ်မဟုတ်။ဆေးရုံတက်ပြီးသူတို့အခန်းကိုကို်ယ်ပြောင်းပြီးတည်းကမြင်နေရတဲ့ရိုးနေတဲ့မြင်ကွင်း။
Chaeမှာလည်းမမြင်ချင်ယောင်ဆောင်ပေးရလို့လည်းအကျိုးကနေအကန်းနီးပါးဖစ်နေပါပြီ။သို့သော် အခုတော့ ထိုသို့မဟုတ်တော့။ ဟန့်လို့လည်းမရ.. မမြင်ချင်ယောင်ဆောင်ပေးလို့လည်းမရ..စိတ်ကပေါက်လာတဲ့အဆုံးပါးစပ်ကနေထုတ်ပြောလိုက်သည်။
"Yaa lalisa!ငါတို့ရှိနေတယ်လေ"
'နင်ရှိတာငါကဘာလုပ်ပေးရမှာလဲ Chae"
ကြည့်။သူပြန်ပြောလာတာကိုက။အချိုးကိုကမပြေတပြေနဲ့။
"Darling အဲလိုမပြော..."
"ရူး.. တိုးတိုး. ကိုယ်ရဲ့Ruby။ကိုယ်သူနဲ့ဒီ ကိစ္စကိုအခုရှင်းမှဖစ်မယ်။ဒီမှာ Chaeyoung.....ငါပြောပြမယ်"
YOU ARE READING
LOVE IS JENNIE RUBY JANE
Fanfictionအချစ်နဲ့အမုန်းအားပြိုင်ဆွဲရင်ဘယ်သူနိုင်မယ်ထင်လဲ။ [Fic completed]