Ep.47

2.4K 92 5
                                    

[Unicode]

"ပါး​ပါး"

မူကြိုကျောင်းကအပြန်ပြေးဖက်လာတဲဲ့
Lisaတို့ရဲ့ချစ်လှစွာသောသမီးလေးလေ။

မုန်တိုင်းတွေကဖျက်ဆီးခဲ့တဲ့ကြားမှမပျက်စီးခဲ့ပဲဆက်လက်တည်မြဲနေတဲ့Lisaတို့နှစ်​ယောက်ရဲ့အချစ် သက်ရှိ
သင်္ကေတလေး
ဆိုလည်းဟုတ်တာပေါ့။

Lisaတို့အချစ်ကြောင့်အရာအားလူံးကျော်ဖြတ်နိုင်ခဲ့ဲပြီးတော့ဇနီးသည်ကဒီချစ်စရာသမီးလေးကိုမွေးသည်။

မွေးကင်းစကတည်းကထိန်းကျောင်းခဲ့ရတာ။ချော့မြူခဲ့ရတာ။နို့ဘူးတွေတိုက်ခဲ့ရတာ။
ညညဘက်ဆိုအော်ငိုလွန်းလို့
ဇနီးသည်ကိုလည်းပင်ပန်းမှာဆိုးလို့
ကလေးကိုlisaပဲထထပြီးမြူခဲ့ရတာ။

အခုဆိုသမီးလေးက
ဒီအရွယ်တောင်ရောက်ပြီလေ။

ကျောင်းထဲကထွက်လာတဲ့သမီးလေးကသူ့မားမားကိုလည်းမတွေ့ကောတန်းမေးလာတာ။

"မားမားကောမပါဘူးလား ဟင်"

"မားမားကလား?အိမ်မှာပါးပါးတို့အတွက်
မုန့်တွေပြင်ရင်းစောင့်နေတယ်လေ"

"ေဝးး စားရတော့မယ်!.ဒါပေမယ့် မပျော်ဘူး"

ပျော်သလိုလုပ်ပြီးမှနှုတ်ခမ်းလေးထော်သွားတဲ့သမီးလေးကချစ်စရာပါ။တကယ့်ချစ်မွေးကလေး။သူ့မားမားအတိုင်းပဲ။တစ်ပုံစံတည်းပါ။

"မားမားမပါတော့မီးမီးမပျော်ဘူး။မီးမီးကမားမားနဲ့ကောပါးပါးနဲ့ကောအတူတူပြန်ချင်တာ"

"ဟော..ဟုတ်ပါပြီ Babyလေးဆန္ဒအတိုင်းဖြစ်စေရမယ်။အခုပဲမားမားကိုဖုန်းဆက်လိုက်မယ်ဟုတ်ပြီလား"

" ပါးပါးကအကောင်းဆုံးပဲ။အာဘွား"

"မားမားကအခုပဲလာနေပါပြီတဲ့ဟုတ်ပြီလား"

"ရေး..ပါးပါးနဲ့ မားမားက အကောင်းဆုံးပဲ"

"လာ..သစ်ပင်အောက်ကဟိုခုံလေးမှာ
မားမားအလာကိုစောင့်ရအောင်"

"ဟုတ်ကဲ့ပါ ပါးပါး"

"လိမ္မာလိုက်တဲ့ပါးပါးရဲ့Babyလေး"

သူ့မားမားကိုထိုင်စောင့်ရင်းနဲ့သမီးလေးက
ကျောင်း ကကိစ္စတွေရွန်းရွန်းဝေအောင်
အကုန်ပြောပြလာတာတော့တာ။

LOVE IS JENNIE RUBY JANE Onde histórias criam vida. Descubra agora