Ep.46

1.5K 74 1
                                    

[Unicode]

Lisaဒီမရင်းနှီးတဲ့မျက်နှာကြက်ကိုကြည့်ပြီး
မျက်ရည်တွေကျနေမိတာ
ဘယ်လောက်ကြာပြီလဲ။

အိမ်မက်ကနိုးလာခဲ့လည်း
အဲ့အိမ်မက်ထဲကနေအခုထက်ထိ
မကျွတ်လွတ်နိုင်သေးတဲ့ဒီ
စိတ်နဲ့ ဒီခန္ဓာကိုယ် ။

စိ်မ်းသက်သက်ဖြစ်နေတဲ့ဒီအခန်း။
မရင်းနှီးချင်ပါဘူးဆိုပေမယ့်
ရင်းနှီးနေတဲ့မိန်းမတစ်ယောက်ရဲ့
ကိုယ်သင်းရနံ။ပြီးတော့ကုတင်
​ေဘးကသတင်းစာတစ်စောင်။

ဘာဆိုဘာမှမမှတ်မိတဲ့မှတ်ဥာဏ်တွေက
ခေါင်းတွေထိုးကိုက်စေသည်။

"မင်းနိုးလာပြီပဲLisa"

"ဟင်!!!"

ကြားလိုက်ရတဲ့Ireneရဲ့
အသံမှာlisaထိတ်လန့်တုန်လှုပ်မိသွားသည်။

အိမ်မက်တွေကတကယ်ဖြစ်နေတုန်းပဲ။
အိမ်မက်တွေတကယ်ဖြစ်နေတုန်းပဲလား??

အိမ်မက်ထဲကအတိုင်း
ညကIreneနဲ့ဖြစ်ခဲ့လား?
Ireneနဲ့ဖြစ်ခဲ့မိပြီလား။

စဥ်းစားလိုက်တိုင်းခေါင်းတွေထိုးကိုက်လာတာပဲအဖတ်တင်သည်။

"အိမ်မက်ဆိုးတွေမက်နေသလိုပဲနော်။မင်းကအိပ်နေရင်းငိုနေတာလေ"

ဆိုဖာပေါ်မှာထိုင်နေတဲ့Irene။lisaကိုငိုနေတယ်ပြောပြီးထိုမိန်းမကလည်းဆေးလိပ်တွေသောက်ရင်းငိုနေပုံပါ။

ဖိတ်ကျနေတဲ့ဝိုင်တွေ၊
ကွဲနေတဲ့ဝိုင်ခွက်တွေ၊
ဆေးလိပ်ပြာတွေ၊

မီးကိုအတင်းထိုးခြေပြီးသတ်ထားပုံရတဲ့
မြောက်မြားစွာသော
သောက်ပြီးသားဆေးလိပ်တိုတိုတွေဟာလည်းအဲ့မိန်းမရှေ့မှာ။

"Ireneညကဘာဖြစ်ခဲ့တာလဲ??"

"...."

"ဖြေစမ်းပါIrene!ညကဘာဖြစ်ခဲ့ကြတာလဲလို့"

". .."

"ဟာကွာ!!"

ကုတင်ဘေးကသတင်းစာကိုယူကြည့်လိုက်တော့တွေ့လိုက်ရတဲ့သတင်းစဥ်တွေမှာတော့မျက်လုံးတွေပါပြာဝေသွားခဲ့သည်။အိမ်မက်တွေကအခုထိတကယ်ဖြစ်နေတုန်းပါပဲ။

"ပြဿနာတက်နေတာLisa။Mediaတွေလည်းဒီအခန်းရှေ့မှာရောက်နေကြပြီ"

"Irene ခင်ဗျားဘာလို့ဒီလိုလုပ်ရတာလဲ!! ဟမ်!!အခုဆိုRubyကလေ..Rubyက...."

LOVE IS JENNIE RUBY JANE Wo Geschichten leben. Entdecke jetzt