Ep.26

2.2K 123 0
                                    

[Unicode]

ကျွန်မနဲ့မျက်နှာချင်းမဆိုင်ပါပဲဝေးရာ
ကျောပေးပြီးပြောပြနေတဲ့သူ့ကြောင့်
အကြောင်းစုံကိုသိခဲ့ရသည်။အကြောင်းရာစုံကိုပုံဖော်လို့ရခဲ့သည်။

အပြင်တစ်နေရာကိုငေးကြည့်နေတဲ့သူရဲ့မျက်ဝန်းနက်နက်တွေကအစပုံဖော်လို့ရခဲ့သည်။

အဲဒီမျက်ဝန်းနက်နက်တွေကဒဏ်ရာဒဏ်ချက်တွေနဲ့ပြည့်နေတဲ့မျက်ဝန်းနက်နက်တွေအတိုင်းပဲ။

Darlingက ဒီလောက်နာကျင်ခဲ့ရပြီးသားလူလား။လောကကြီးကDarlingအတွက်မတရားခဲ့ဘူးပဲ

။ဒါတွေကိုတောင်ကျမက
မသိပဲသူ့အ​ေပါ်နာကျင်မှုပေးခဲ့မိတာ။သူ့ဒဏ်ရာတွေကိုဆားသိပ်ပေးခဲ့မိတာ။

"ကိုယ့်ကိုသနားနေတာလား Ruby"

ကျမဘက်လှည့်ပြီးမေးလာတဲ့သူရဲ့မျက်ဝန်းတွေနဲ့ဘာမှမဖြစ်သလိုပြုံးပြလာတဲ့သူ့ရဲ့
အပြုံးတစ်ခု။

Darlingကိုဒီလိုနာကျင်နေရတဲ့ကြားထဲကဘာမှမဖစ်သလိုဘာမှမခံစားရတဲ့လူလိုသန်မာအောင်စက်ရုပ်လိုပုံသွင်းယူခဲ့တဲ့Ireneကိုကျမမုန်းလိုက်တာ။

"မသနားနဲ့။ကိုယ်ကသနားဖို့တောင်မတန်တဲ့လူလေ Ruby။Chaeyoungအပေါ်လုပ်ခဲ့တဲ့အပြစ်ဒဏ်တွေကိုIreneဆီမှာကျခံခဲ့ရတယ်လို့ပဲကိုယ်မှတ်ယူထားတာ"

ကြည့်..သူ့အတွေးတွေကဘယ်လောက်တောင်မိုက်ရူးရဲဆန်လိုက်လဲ။

နာကျင်မှုတွေကသူနဲ့တန်တယ်ဆိုပြီးကျေကျေနပ်နပ်ကြီးခံယူနေတဲ့လူ။

မာကျောပြီးအေးတိအေးစက်နဲ့သန်မာယောင်ဆောင်တဲ့Darlingက
ငယ်ငယ်လေးကတည်းသူရဲ​့ပြိုလဲခြင်းတွေ
အတွက်Ireneဒဏ်ပေးမှာဆိုးလို့
တစ်ခြားသူတွေမရိပ်မိအောင်ပဲ
နေတက်ပြီးတစ်ယောက်တည်းကြိတ်ပြိုလဲနေတက်တဲ့သူပေါ့။

"ကို်ယ်မှာဘာဆိုဘာမှမရှိခဲ့ဘူး Ruby Ireneပြောသလိုပဲဗလာနတ္ထိနဲ့လူလေ။ဒီမိသားစုလက်ထဲကိုယ်ကသူတို့ကြိုးဆွဲရာကဖို့ရောက်လာတဲ့ရုပ်သေးရုပ်လိုပဲ.သူတို့အတွက်ကိုယ်ကဒီထက်မပိုဘူး"

ဒီစကားတွေကိုအထစ်အငေါ့မရှိမဲ့ခြင်းမရှိငို​ခြင်းလည်းမရှိပြုံးခြင်းလည်းမရှိပဲသူရဲ့အေးတိအေးစက်အသံနဲ့သူဘာမှမခံစားခဲ့ရတဲ့အတို်င်းပြောလာတာ။

LOVE IS JENNIE RUBY JANE Where stories live. Discover now