Ep.44

1.7K 75 0
                                    

[Unicode]

ပင်လယ်ဆီကပင်လယ်လှိုင်းသံ
တွေတဝေါဝေါ။

အုန်းပင်တွေတယိမ်းယိမ်းဖြစ်သွားအောင်
တိုက်လာတဲ့ပင်လယ်ဆီကလေပြည်လေငြင်းတွေကတသွေသွေ။

မနက်ခင်းမှာ
ငှက်ကလေးတွေကလည်း
တေးဆိုကြူးနေကြသည်။
နေမင်းကြီးကလည်းအရှေ့အရပ်ကထွက်လို့
လောကကိုကောင်ချီးပေးကာအလှဆောင်သည်။

သဘာဝတရားကြီးကသူ့တာဝန်သူယူကာလောကကြီးတစ်ခုလုံးကိုအလှပဆုံးဖြစ်အောင်အလှဆောင်နေပေမယ့်
Chaeရဲ့ဘေးမှာအဝတ်ကင်းမဲ့စွာ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်​နေတဲ့
ဒီအမျိုးသမီးလောက်အလှမဆောင်နိုင်ဘူး။

ဒီအမျိုးသမီးရဲ့အလှတရားကသာ
လောကကြီးတစ်ခုလုံးကိုအလှဆောင်မယ့်အလှမျိုး။လောကကြီးတစ်ခုလုံးကို
ကောင်းချီးပေးမယ့်အလှမျိုးလေ။

အိပ်ပျော်နေတာတောင်အလှ
ဆောင်နေနိုင်တဲ့Chaeရဲ့
အမျိုးသမီးကိုChaeပိုင်ဆိုင်ခဲ့ရပြီမှန်းသိပေမယ့်လို့ဘေးနားမှာထိုင်ပြီးတစိမ့််စိမ့်ကြည့်နေမိတုန်းပဲ။

နေရောင်ထိုး
နေတဲ့အဲ့အမျိုးသမီးရဲ့
ပုခုံးဖြူဖြူလေးကိုစောင်နဲ့ခြုံပေးလိုက်သည်။

Chaeအမျိုးသမီးရဲ့
ပုခုံးသားဖြူဖြူလေးပေါ်ထိုး
နေတဲ့နေရောင်ကအစကာကွယ်ရမယ်လေ။

ေတာ်ကြာ။
အဲ့အမျိုးသမီးရဲ့ပုခုံးသားဖြူ
ဖြူလေးနေလောင်သွားမှဖြင့်
Chaeအဲ့နေကိုသေနတ်နဲ့
ချိန်ပြီးပစ်မိနေလိမ့်ဦးမည်။

"Good.MORNING. .Chae"

ဟော.Chaeရဲ့အမျိုးသမီး
နိုးလာပါပြီ။

အဲ့အမျိူးသမီးကနိုးနိုးချင်းထထိုင်ပြီး
သူမမျက်လုံးကလေးတွေကိုပွတ်ကာChaeကိုမသိရင်သူမအရင်နိုးနေတဲ့အတိုင်းမျက်လုံးမပွင့်တပွင့်နဲ့ဂွတ်မောနီးလို့ပြောလာတာလေ။

"Good. .Morning ပါ မ"

ကြည်နူးမှုတစ်သိန်းနဲ့ဒီလိုပြောရင်း
အဲ့အမျိုးသမီးရဲ့လက်ကလေးကို
ဆွဲယူပြီးနမ်းမလို့ပဲရှိပါသေးတယ်လေ။

အဲ့အမျိုးသမီးရဲ့လက်ကလေးကChaeပါးစပ်ဖျားလေးရှေ့ရောက်တုန်းပဲရှိပါသေးး..

LOVE IS JENNIE RUBY JANE Where stories live. Discover now