Ep.39

1.4K 81 0
                                    

[Unicode]

ပြန်ဝင်လာတဲ့လူဟာကိုယ့်Rubyလို့ထင်ထားပေမယ့်ထင်ထားသလိုမဟုတ်ခဲ့။အဲ့လူကLisaမေ့မေ့ပျောက်ပျောက်တောင်ဖစ်နေပြီဖစ်တဲ့Irene။သွေးအေးသလိုလိုနဲ့သိပ်ကိုရက်စက်တက်တဲ့မိန်းမ။

သူမဟာအရှက်အကြောက်လည်းမရှိသလိုလိုချင်ရာကိုလည်းရအောင်ယူတက်တဲ့မိန်းမမျိုးလေ။ Lisaမျက်မှောင်တွေကိုအစွမ်းကုန်ကြုတ်လိုက်၍မတ်တပ်ထရပ်မိလိုက်သည်။ဒါကိုIreneကကျေနပ်အပြုံးပြုံးသည်။

"ပြန်ထိုင်ပါ။တို့ကိုတော့မင်းလန့်စရာမလိုဘူးမဟုတ်လား"

"ဘာလာလုပ်တာလဲIrene"

အမေးကိုပြန်မဖြေ။တပ်ထားတဲ့မျက်မှန်အမည်းကိုအေးတိအေးစက်နဲ့ဆွဲချွတ်လိုက်ပြီးသူမကိုင်လာတဲ့လက်ကိုင်အိတ်ကိုsofaပေါ်တင်လိုက်သည်။

အခန်းထဲကိုသူမဝင်ချင်တိုင်းဝင်လာခဲ့ပြီးဒီအခန်းထဲမှာရှိတဲ့အရာအားလုံးသူမထိန်းချုပ်ထားရတဲ့အတိုင်းအာဏာရှိတဲ့မျက်ဝန်းတွေနဲ့အခန်းပတ်ပတ်လည်ကိုကြည့်သည်။ပြီးမှ..

"ထွက်သွားလို့မပြောတော့ဘူးပေါ့။ဘာလဲတို့ကိုမြင်​တော့အံသြသွားတာလား."

လက်ပိုက်ပြီးဒေါက်ဖိနပ်သံတစ်ဒေါက်ဒေါက်နဲ့တစ်လှမ်းချင်းလျောက်လာကာlisaနဲ့မျက်နှာချင်းဆိုင်လာရပ်သည်။အဲဒီမျက်လုံးတွေ။အဲဒီအာဏာရှိတဲ့မျက်ဝန်းတွေကမုန်းစရာကောင်းသည်။ကိုယ့်ကိုစိုက်ကြည့်ပြီးအကဲခတ်နေတဲ့မျက်လုံးတွေကခန့်မှန်းလို့မရအောင်ပါပဲ။

"ထွက်သွားIrene"

Ireneဟာကိူယ်ဒီလိုပြောမယ်ဆိုတာကြိုသိသားပဲဆိုတဲ့အပြုံးတွေနဲ့။

"မင်းကိုလာကြည့်တာLisa။

"ဘာပဲဖြစ်ဖြစ်ထွက်သွားစမ်းပါ"

"လူနာလာကြည့်တဲ့မင်းဒေါ်လေး
ကိုမင်းမောင်းထုတ်ပိုင်ခွင့်မရှိဘူး"

မဲ့ပြုံးပြုံးပြသွားပြီးSofaပေါ်ခြေတစ်ဖက်ချိတ်အနေအထားသွားထိုင်တဲ့Irene။

Ireneရဲ့ဒီလိုလုပ်ရပ်​ကြောင့်သက်ပြင်းကိုဖြေးဖြေးချကာအတက်နိုင်ဆုံးစိတ်ဖြေမိသည်။စကားတွေကိုရှည်ရှည်ဝေးဝေးမပြောချင်ပဲလိုရင်းတိုရှင်းပဲLisaပြောချင်သည်။
ဒါကြောင့်..

LOVE IS JENNIE RUBY JANE Where stories live. Discover now