Ep.41

2K 82 0
                                    

[Unicode]

"ချစ်ဇနီး ကိုယ်တို့တွေဒီနေ့Dateလုပ်ရအောင်"

လက်ထပ်ပြီးမှဒီလိုစကားမျိုးစ
ပြောရသည့်အဖြစ်ကနည်းနည်းတော့အူကြောင်ကြောင်နိုင်လိမ့်မည်။

ဒါပေမယ့်ထိုသို့မဟုတ်။

Lisaမှာကိုယ့်ရဲ့ချစ်ဇနီးသည်နဲ့ဆို
လုပ်စရာတွေအများကြီးရှိနေသည်။

ဇနီးသည်နဲ့အတူချစ်သူရည်းစားတွေလို
Dateလေးတွေလုပ်ချင်သည်။

ချစ်သူရည်းစားတွေလိုမျိုး
ကော်ဖီဆိုင်လေးတွေလွတ်လွတ်လပ်လပ်အတူထိုင်ချင်သည်။

အဲ့ချစ်ရတဲ့ကိုယ့်ဇနီးကိုပိုင်ဆိုင်ပြီးသားဆိုပေမယ့်မပိုင်ဆိုင်ရသေးသလိုချစ်ကြောင်းတွေတစ်တွတ်တွတ်ထိုင်
ပြောချင်သည်။

Museum dateတွေလုပ်ကြည်​့ချင်သည်။
Amusement parkလေးတွေသွားပြီးချစ်ရတဲ့ဇနီးသည်ကိုပျော်စရာလေးတွေဖန်တီးပေးလိုက်ချင်သည်။

အဲလိုမျိုးအချိန်လေးတွေ
မပိုင်ဆိုင်ခဲ့ရဘူးမဟုတ်လား။

အဲဒါကြောင့်လွတ်သွားတဲ့အမှတ်တရလေးတွေကိုအတူနှစ်ယောက်သားဖန်တီးလိုက်
ချင်သည်။

လွတ်သွားတဲ့ချစ်သူရည်းစားဘဝက
ခံစားချက်လေးတွေကို
ဖြည့်စွက်ပေးချင်သည်။

ကိုယ့်ရဲ့ချစ်ဇနီးRubyနဲ့ဆိုရင်lisaက
လောဘကြီးသည်။

ကမ္ဘာပေါ်မှာရှိရှိသမျှခံစားချက်အားလုံးကိုသူမနဲ့အတူခံစားချင်သည်လေ။

အဲဒါကြောင့်လည်းလက်ထပ်ပြီးတာတောင်ကိုယ်နဲ့အတူတူDateပေးဖို့Lisaတောင်းဆိုနေရတာပေါ့။

"ချစ်သူရည်းစားတွေလိုမျိုးကိုယ်တို့​တွေ
Dateလုပ်ကြည့်ရအောင်"

ဒီလိုပြောလိုက်တော့Rubyမျက်လုံးတွေဝိုင်းစက်သွားသည်။ပြီးတော့အဲ့ဇနီးသည်ကနှစ်နှစ်ကာကာပြုံးသည်။

Dateလုပ်ဖို့ပြောနေတဲ့
ကိုယ့်နားတိုးလာပြီး​ခြေဖျားထောက်ကာ
နှုတ်ခမ်းကိုတစ်ချက်နမ်းလာသည်။

ပြီးတော့ဘယ်လောက်ပဲကြားရကြားရမရိုးသွားမယ့်စကားကိုဆိုသည်။

LOVE IS JENNIE RUBY JANE Where stories live. Discover now