Ep.27

2K 103 5
                                    

[Unicode]

At Chaesoo's side-

တီ.တီ.တီ.

Jisoo- မ မင်းအခန်းရှေ့မှာဝင်လာလို့ရလား Chae မင်းနိုးနေပြီမလား

Chae-ရတာပေါ့ ရတာပေါ့ မရဲ့Chae အခန်းpasswordက.........

Jisoo-ok

Jisooဝင်လာတော့သူကထွက်ကြိုတယ်လေ။တွေ့တာနဲ့အတင်းပြုံးပြလာတဲ့သူ။
သူငယ်ငယ်လေးတုန်းကအတိုင်းပါပဲ။

သူ့အပြုံးကိုမနက်စောစောစီးစီးသူ့အခန်းထဲကိုဝင်လိုက်တာနဲ့မြင်လိုက်ရတော့ကျမရဲ့နှုတ်ခမ်းထက်မှာလည်းအပြုံးပန်းတစ်ပွင်။

အင်း..သူ့ကြောင့်ပွင့်တဲ့အပြုံးပန်းလေးပေါ့။ကြည့်ရတာထမင်းစားခန်းသူမနက်စာစားနေတာနဲ့သူပါရဲ့။

ကျမလက်ထဲက ကိုင်လာတဲ့ကြက်ဥပေါင်မုန့်​ကြော်လည်းတွေ့ကောသူ့မျက်ဝန်းတွေကအရောင်လဲ့သွားသယောင်။

Jisoo- မ မင်းနဲ့မနက်စာအတူတူစားချင်လို့ ဒီလို Breakfast ကို မ ကိုယ်တို်င်လုပ်လာတာ။

Chae- Chaeလည်းမနက်စာစားနေတာ မရဲ့။

အသင့်စားခေါက်ဆွဲဘူးကိုလက်ညိုးထိုးရင်ပြောလာတဲ့လူဆိုးပေါက်စ။
ကိုယ်ထင်ထားသလိုပါပဲဒီလူဆိုးပေါက်စရဲ့အခြေအနေက။

မနက်ခင်းမှာကောင်းနေတဲ့စိတ်​ေတွတောင်ပျောက်ကွယ်သွားတယ်လေ။သူက
တော့သိပုံမပေါ်တဲ့အပြင်စားလက်စကိုတောင်ပြန်သွားထိုင်ပြီးစားနေလိုက်တာ။

Chae- မ ဘာလို့ မတ်တပ်ရပ်ပြီးChaeကိုမျက်တောင်မခတ်ပဲမျက်မှောင်ကြုတ်ပြီးကြည့်နေရတာလဲ။

အခြေအနေတွေကိုသူကသဘောမပေါက်ဘူးထင်ပါရဲ့။ကိုယ်ကပဲသိအောင်လုပ်ပေးရမှာပေါ့။သူစားနေတဲ့ကျန်းမာရေးနဲ့မညီညွတ်တဲ့
ခေါက်ဆွဲဗူးကိုဆွဲယူလိုက်သည်။

Chae- စားလေ မ ရဲ့။ Chaeစိတ်မဆိုးပါဘူး Chaeကနောက်တစ်ဘူးဖောက်စားလိုက်လို့ရတယ်။

ကဲ..အဲတာတွေသာကြည့်တော့။ဒီလူဆိုးပေါက်စဒီလိုဖစ်ကလက်ဆန်းနေပုံ အစားအသောက်ကိုဂရုမစိုက်ပုံ
ကျန်းမာရေးကိုဂရုမစိုက်ပုံတွေနဲ့တော့
သူ့အတွက်ဆိုးကျိုးတွေပဲရှိမှာလေ။

LOVE IS JENNIE RUBY JANE Where stories live. Discover now