Ep.40

2.3K 87 0
                                    

[Unicode]

All is fair in love and warတဲ့။
အချစ်နဲ့စစ်မှာမတရားတာမရှိ။

အဲဒီအဓိပ္ပာယ်ကိုကောသိလား?
ရှင်တို့ကောလက်ခံရဲ့လား။

"All is fair in love and war"

Jennieနှုတ်မှထိုစကားကိုထပ်မံခပ်တိုးတိုးရေရွတ်လိုက်မိ၍အဲ့စကားရဲ့အဓိပ္ပာယ်ကိုလေးနက်စေလိုက်သည်။

အကြိမ်ကြိမ်ထွက်ကျလာတဲ့နောက်ဆုံးမှာတော့အဲစကားရဲ့မှန်ကန်လေးနက်မှုကိုရှာတွေ့လာလေလေပါပဲ။

စစ်

စစ်ပွဲတွေမှာအင်အားကြီးတဲ့ဘက်ကအနိုင်ရသလောက်အင်အားနည်းတဲ့ဘက်ကတော့ရှုံးနိမ့်ရစမြဲလေ။

အချစ်

အချစ်တဲ့။အချစ်မှာလည်းထိုကဲ့သို့ပင်။ကိုယ်ချစ်ရတဲ့လူအတွက်တိုက်ခိုက်ရဲရသည်။ကိုယ်ချစ်ရတဲ့လူကိုကာကွယ်ပေးရသည်။ငြိမ်းချမ်းရေးတွေအေးချမ်းရေးတွေအတွက်တရားပေါက်နေလို့မရဘူးလေ။

"ကိုယ်ချစ်ရတဲ့လူအတွက်မှမတိုက်ခိုက်ရဲရင်အဲ့အချစ်ကဘယ်လိုအချစ်မျိုးပါလဲတဲ့"

ပြီးတော့
Ireneမသိသေးတာတစ်ခုရှိသေးတယ်။
အဲဒါဘာလဲဆိုတာရှင်တို့​ေကာသိလား?

ကျွန်မကဒီအချစ်နဲ့​စစ်ပွဲနှစ်ခုလုံးမှာအနိုင်ရပြီးသားDarlingရဲ့မိန်းမလေ။

ကျွန်မမှာDarlingရဲ့အချစ်တွေအင်အားအပြည့်ရှိတယ်။သူအချစ်တွေနဲ့တင်လေ ကျွန်မကမ္ဘာပတ်သိမ်းလို့တောင်ရပါရဲ့

သေချာတာပေါ့။
ကျွန်မကအချစ်အတွက်တိုက်ခိုက်စရာမလိုအောင်အနိုင်ရပြီးသားမိန်းမဆိုတာIreneမေ့နေခဲ့တာ။

အကယ်၍
တိုက်ခိုက်ဖို့ဖြစ်လာခဲ့ရင်လား?
စိတ်မပူပါနဲ့။

သူရှုံးမှာပါလို့။
ဘာလို့ဆိုကျွန်မမှာDarlingရဲ့အချစ်တွေအင်အားအပြည့်ရှိတယ်ဆိုတာကျွန်မရှင်တို့ကိုပြောပြီးသားလေ။

........

"ဗျာ.."

"ငါဆင်းရုံကဒီနေ့ပဲဆင်းတော့မှာမို့ ဆင်းမယ့်အချိန်ကားကြိုရောက်နေပါစေ"

LOVE IS JENNIE RUBY JANE Where stories live. Discover now