Ep.14

1.3K 103 0
                                    

[Unicode]

Mr. Kim နဲ့ Lisa နှစ်ယောက်ထဲစကားပြောနေတုန်း Jennie တို့သားအမိက Mr. Kim ပြောတဲ့ အတုိင်း ရှောင်ပေးတဲ့အနေ နဲ့ ဒီဆေးရုံအောက် က Restaurant မှာထိုင်ဖစ်ကြတာပါ။

"Nini သမီး..သမီးအဆင်ပြေရဲ့လား lisaနဲ့။ lisaကြည့်ရတာလူကောင်းတစ်ယောက်ပါကွယ်။ ပြီးတော့ သမီး သိလား သူ က သမီးကိုသိပ်ချစ်ရှာတာ"

Jennie- မဖြစ်နိုင်ပါဘူး ommaရယ်။ သူ သမီးကို ဘယ်လိုရယူခဲ့လဲဆိုတာ ommaတို့သိနေတာပဲလေ။ သူက အနိုင်ပိုင်း ခဲ့တာ။ သမီးကသူအနိုင်ပို်င်းခံရရုံသက်သက်လေ။

"သမီး သူရဲ့ မျက်ဝန်းတွေ ကို မြင်အောင်မကြည့်တက်သေးလို့ပါ။ သမီး Appaငယ်ငယ်တုန်းက Ommaကိုကြည့်ခဲ့တဲ့အဲလိုအကြည့်တွေနဲ့ သူသမီးကိုကြည့်နေတဲ့ အဲ့အကြည့်တွေကတစ်ပုံစံတည်းပဲ။ မျက်လုံးတွေကဘယ်တော့မှမညာတက်ဘူးဆိုတာတော့ nini သမီးသိတယ်မလား"

Ommaအဲလိုပြောလိုက်တဲ့အချိန်ခန အမြင်အာရုံထဲရောက်လာတဲ့ သူရဲ့စူးစူးရှရှမျက်လုံးတွေ။ သူတပါးအနေခက်အောင်အထိကြည့်တက်တဲ့သူရဲ့ရဲတင်းလွန်းတဲ့မျက်ဝန်းတွေ။အမြဲတိုင်းလိုလိုမော့ကြည့်ခဲ့ရတဲ့အဲဒီမျက်တောင်နက်နက်တွေ.

ဒီမြင်ကွင်းတွေပျောက်လို့ပျောက်ငှား
မျက်တောင်တွေအလုပ်ပေးပြီးမျက်လွာနှစ်ခုကိုမှိတ်ချပစ်လိုက်ရသည်။ lisaအကြည့်တွေကို Jennieက စိတ်ကူးထဲမှာတောင် ရင်ဆိုင်နိုင်စွမ်းမရှိပါ။

Jennie-Appa ကျန်းမာရေးအခြေအနေဘယ်လိုရှိလဲ Omma။ အသက်ဘေးကတော့ မစိုးရိမ်ရတော့ဘူးမလား။

"Ommaတို့ဆေးရုံကိုအမှီရောက်လို့လေ။ မစိုးရိမ်ရတော့ပါဘူး။ အခြေအနေတော်တော်ကောင်းလာပြီ။ အခုထိတော့ Oxygen နည်းနည်းပါးပါး လိုအပ်တဲ့အချိန်ပေးရသေးတာပေါ့။ နှလုံးက တစ်ခါခါထအမောဖောက်လို့လေ။ ဆေးရုံမှာကောင်းကောင်းကုသမှုခံယူပြီး ပြန်ကောငး်လာမှာပါ ။ ommaတို့အတွက်သမီးစိတ်မပူပါနဲ့နော်"

Jennie-သမီးဒီည Appaကိုဆေးရုံစောင့်ပေးဖို့လေ။

"ဖစ်ပါ့မလား niniရယ်။ niniလေးက ကိုယ့်အိမ်ထောင်နဲ့ဖစ်နေပြီလေ။ niniကို ommaတို့မနောက်ယှက်ပါဘူး"

LOVE IS JENNIE RUBY JANE Where stories live. Discover now