Bonus✨

2.9K 101 2
                                    

[Unicode]

"ပါးပါး မီးမီး ဘာစားရင်ကောင်းမလဲဟင်?"

"Babyလေးစားချင်တဲ့ဘယ်မုန့်မဆို
ပါးပါးအကုန်ဝယ်ကျွေးတယ်ဟုတ်ပြီလား"

ထူံးစံအတိုင်းBabyလေးကိုကျောင်းကကြိုပြီးအပြန်ဆိုင်တစ်ဆိုင်မှာထိုင်ပြီးမုန့်ဝင်ဝယ်ကျွေးနေတာဖြစ်သည်။

"ဒါဆိုမီးမီး ဒါစားချင်တယ်။ ဒါလည်းစားမယ်။ ဒါကောပဲ"

Menuကိုလက်ထောက်ပြီးပြောလာတဲ့Babyလေးရဲ့စကားအဆုံး
စားချင်တာကိုမှာပေးရမည်လေ။

"Waiter pls"

ကိုယ်ခေါ်လိုက်တာWaiterဖြစ်ပေမယ့်အနား
ကိုအပြေးရောက်လာတာကWaitressတစ်ယောက်။

"ဘာများအလိုရှိပါသလဲရှင်"

အမူအယာတွေပိုလွန်းပြီးအသံကိုချွဲပြီးလုပ်ပြောနေတဲ့ထို Waitress ကိုLisaတစ်ချက်သာကြည့်လိုက်သည်။

"Babyလေးစားချင်တာတွေသူ့ကို
ပြောလိုက်ပါ"

"ဟုတ်ကဲ့ပါးပါး"

ဲအဲ့စားပွဲထိုးအလုပ်သမရဲ့မျက်လုံးတွေကBabyလေးမှာနေတဲ့Menu စာရွက်ပေါ်မှာမရှိ။ Lisaကိုမြူတဲ့မျက်လုံးတွေနဲ့ဆက်တို်က်
ကြည့်နေတာ။

Babyလေးခေါင်းလေးကိုလည်းပွတ်ပေးရင်း
ခါးကိုကိုင်းလို့ရင်ကိုအနည်းငယ်မြင်အောင်
ပြလိုက် လုပ်နေတာကြောင့်အကြည့်တွေကိုလွဲလိုက်သည်။

"ဒီကDaddy"

"ဟမ် Daddy!"

"ဟုတ်ကဲ့။ဒီကDaddyကကောဘာမှာမလဲမသိဘူး"

ဘယ်သူ့ကိုDaddyလို့ခေါ်မှန်းမသိခေါ်နေတာကြောင့်lisaသူ့ကိုပြန်ဆန်းစစ်လိုက်သည်။

"ဘယ်သူ့ကိုခေါ်နေတာလဲ"

"ခ်ခ်..သမီးအလှည့်ပြီးတော့ဒီတစ်ခါDaddy
အလှည့်ပေါ့ရှင်"

ပါးစပ်ကိုလက်နဲ့အုပ်ပြီးအသံကိုလုပ်ရီနေတဲ့
Waitressမလေးကိုlisaကြည့်မရတော့ပါ။

"မမှာတော့ဘူး"

"သေချာရဲ့လား"

"အင်း"

"အလိုရှိတာမှာပါဆို။အသည်းနှလုံးဆိုရင်တောင်​ပေးနိုင်တာမို့"

LOVE IS JENNIE RUBY JANE Where stories live. Discover now