Ep.29

2.4K 111 3
                                    

[Unicode]

စောင်ကိုခေါင်းအထိမြုပ်နေအောင်ခြုံထားပြီးကိုယ့်ကိုဆတ်ခနဲ​နောက်ပြန်လှည့်ကြည့်ပြီးအော်လာတဲ့အသံဟာ..

"နောက်ခါရှင့်Companyကိုတစ်သက်လုံးမလာတော့ဘူးlisa"တဲ့။

အခုဇနီးသည်ပုံစံကလေ
သေးသေးကွေးကွေးနဲ့အနှီးလေးပတ်ထားတဲ့ကလေးငယ်လေးတစ်ယောက်လိုပဲ။ရန်လိုနေတဲ့ကလေးလေးတစ်​ယောက်လိုပဲ။

Lisaဇနီးသည်ဟာ
ဟာဒီလိုလေးလည်းအရှက်သည်းနေတက်ပါသည်။

Lisa's mind-မင်းမလာရင်မင်းCompanyဆီကိုယ်လာမှာပေါ့ Rubyရယ်..

lisaကိုယ့်အတွေးနဲ့ကိုမို့ပြုံးမိသွားသည်။

"အဲဒီအပြုံးကြီးကဘာလဲ?ဘာရယ်တာလဲကျမပြောတဲ့အထဲမှာဘာရယ်စရာပါလို့လား?lisa"

တကယ့်ကိုစပ်စပ်ထိမခံတော့တဲ့lisaရဲ့ဇနီးသည်ပါ။ငစွာမလေးဆိုလည်းဟုတ်သည်။

Lisaရဲ့ဇနီးသည်ကလေအဲလို
အပြုမူတွေနဲ့lisaကိုသတ်ချတာ။

lisaရဲ့နှလူံးသားကိုပဲ့ကိုင်ရှင်တစ်ဦးအနေနဲ့ပဲ့ကို်င်နေတာ။

"ဒါဆိုမင်းကကိုယ့်Companyကိုတစ်သက်လုံးမလာတော့ဘူးပေါ့ဟုတ်လားRuby"

"ဟုတ်တယ်"

"ဟုတ်ပါပြီ ဟုတ်ပါ​ပြီ ဟဟ"

"Yaaa!ဘာရီတာလည်းလို့ကျမမေးနေတယ်လေ"

Lisaကိုရန်သာတွေ့နေသာပါစောင်ပုံထဲကတော့ထကိုမထလာတော့ပါဘူး။

စောင်ပုံထဲကနေရန်တွေ့နေတဲ့ဇနီးသည်ကိုမြင်ရတော့သူမပုံစံလေးကိုသဘောကျလွန်းလို့စချင်စိတ်ကတားမရဆီးမရ။
ရေလှိုင်းတွေလိုတစ်ဟုန်ထိုးပြိုဆင်းလာတာ။
ဒါကြောင့်

"ဖြေရမှာလား ကိုယ်ဘာကြောင့်ရယ်ရတာလဲလို့ပြောပြရမှာလား"

"အင်း ဖြေ!"

Lisaကိုထိုသို့
အော်ပြောလာပြီးခေါင်းအုံးနဲ့ပါကောက်ပေါက်လာလေရဲ့လေ။အံလေးတွေကြိတ်လို့ပေါ့။

ဒီပိုင်ဆိုင်ထားရတဲ့ဇနီးသည်ကိုလေချစ်ရခင်ရမြတ်နိုးရတွယ်တာရတန်ဖိုးထားရလွန်းလို့Lisaရူးခါသွားမယ်ဆိုရင်တောင်တန်ပါ၏။

LOVE IS JENNIE RUBY JANE Where stories live. Discover now