Ep.16

1.3K 102 0
                                    

[Unicode]

Lisaအသိပြန်ဝင်ချိန်မှာတော့ Rubyနောက်ကို ကမန်းကတန်းလိုက်သွားလိုက်ပေမယ့် သူမက ကားကိုမောင်းထွက်သွားလေပြီ။ဆိုင်ကယ်နဲ့သူမကို နောက်ကိုSpeedတင်ပြီးလိုက်ရတော့သည်။ ကားကို အမြန်နှုန်းမြင့်

အရှိန်ပြင်းလွန်းအားကြီးစွာမောင်းထွက်နေတဲ့ Ruby။ ဒေါသစိတ်တွေဖုံးလွမ်းကာ ငိုပြီးကားမောင်းနေမယ့် Rubyကို စိတ်ပူရပြန်ပြီ။

Lisa pov:တောက်စ်...ဒီလိုကားမောငး်နေပုံမျိုးနဲ့ဆိုကွာ....

ဆေးရုံရောက်တာနဲ့အမြန်ဆင်းကာ Rubyပြေးသွားတဲ့နောက်အမြန်လိုက်မိသည်။

Lisa - Ruby. ..စောင့်ဦး...

Lisaအခန်းတံခါးဖွင့်လိုက်တာနဲ့တွေ့လိုက်ရတဲ့မြင်ကွင်းကတော့ Mr.kimကို ဖက်ပြီး ရှုိက်ကြီးတငင်ငိုနေရှာတဲ့ Ruby။

Jennie- Appa. .. Appa. .... မနောက်ပါနဲ့ သမီးကို မနောက်ပါနဲ့ ... ဟိုနေ့က တောင် သမီးနဲ့ ဆေးရုံဆင်းရမည့်နေ့တွေအကြောင်းတောင် ပြောဖစ်နေသေးတယ်လေ.... Omma ... appaက..appaက ဘယ်လိုဖစ်..တာလဲလို့...ရှင်းပြကြပါဦး။

"သမီး nini. .. niniလေး စိတ်ထိန်းပါဦး သမီးရယ်။ သမီး Appa က...ဆုံးပြီ.."

Jennie- Appa.... Appaဆုံးတယ်..ဆိုတာ..မဖစ်နိုင်ဘူး..မဟုတ်လား...Omma. .ဟိုနေ့ကတောင်...သမီးတို့တွေ...ပြောနေကြသေးတယ်လေ...ဘယ်လိုယုံရမှာလဲ omma. .

Doctor-ဒီကလူနာက နှလုံးထဖောက်နေချိန်မှာ Oxygenပြတ်သွားတာပါ။ Oxygen ကြိုးပိုက်ကလည်းပြတ်နေပြီး မီးပလက်ပေါက်ပါ​ဖြုတ်သွားတာကြောင့် သေမှုသေခင်းနဲ့အမှုဖွင့်ထားပါတယ်။ အတက်နိုင်ဆုံး ဒီကိစ္စ ကိုဆေးရုံဘက်က တာဝန်ယူဖြေရှင်းပေးသွားပါမယ်။

မကြာလိုက် အလောင်းကိုစစ်ဆေးမယ့် အစိုးရဘက်က ရင်ခွဲဆရာဝန်တွေရယ်..ဆေးရုံတာဝန်ခံတွေနဲ့ ရဲတွေပါရောက်လာကြသည်။မှတ်တမ်းမှတ်ရာတွေယူစစ်ဆေးရင်း Mr.kimအလောင်းကို ရင်ခွဲရုံသို့ သယ်သွားကြသည်။ ရဲတွေက တော့ စစ်ဆေးမေးမြန်းစရာရှိတာတွေကို Mrs kimထံမေးမြန်းနေကြသည်။

"ဒီက Mrs.kimက ေသဆုံးသူအနားမှာရှိနေတဲ့တစ်ဦးတည်းသောလူဆိုတာဟုတ်ပါသလား"

LOVE IS JENNIE RUBY JANE Where stories live. Discover now