Ep.24

2.7K 118 0
                                    

[Unicode]

ညကသည်းကြီးမည်းကြီးရွာတဲ့မိုးကအနွေးဓာတ်တွေအပြိုင်အဆိုင်လုပ်ယူနေကြတဲ့
လူနှစ်ယောက်ကိုအရှုံးပေးသွားသယောင်။ မနက်ကျတော့ညတုန်းကသည်းကြီးမည်းကြီးရွာတဲ့မိုးဟာသူမဟုတ်တော့တဲ့အတို်င်းအနွေးဓာတ်တွေပိုလျံနေတဲ့လူနှစ်ယောက်ကိုလက်မြောက်အရှု​ံးပေးသွားခဲ့ပြီ။

နေရောင်ကအဝတ်တွေကင်းမဲ့​ေနကာတစ်​ယောက်ကိုတစ်ယောက်ဖက်ထားတဲ့အချစ်ငှက်ကလေးနှစ်ကောင်အပေါ်ကျရောက်လာသည်။

Lisaရင်ခွင်ထဲကကောင်မလေးကတော့ကိုယ့်ကိုအိပ်နေတယ်ထင်ပြီးသူမကရင်ခွင်ထဲကထွက်ကာကိုယ့်ကိုစိုက်ကြည့်နေတာကိုlisaသိတာပေါ့။

Jennie-အိပ်နေတာကြီးကိုက ဟွန်း

Lisaမှာတော့နိုးနေတာတောင်အိပ်ပျော်ချင်ယောင်ဆောင်ပြီးသူမလေးဘာတွေဆက်လုပ်မလဲဆိုတာသိချင်လို့သာဆက်အိပ်နေရတာ။ Rubyရဲ့ဒီလိုပြောစကားလေးတစ်ခုနဲ့တင်လူကပြုံးချင်သလိုသလို အရည်ပျော်ကျချင်သလိုလိုနဲ့ မနည်းမျက်လုံးတွေကိုအတင်းမှိတ်ထားရသည်။

Lisa pov:OH MY LORD ဒါသာအိမ်မက်ဆိုရင်တစ်သက်လုံးပြန်မနိုးချင်တော့ဘူး။

သူမ​လေးကမျက်နှာကိုတစ်ဝကြီးကြည့်ရှုရတာကိုအားမရဘူးထင်ပါရဲ့။ သူမလက်​ချောင်းသေးသေးလေးတွေနဲ့မျက်နှာအနှံကိုထိကိုင်ကြည့်လာသည်လေ။

Jennie- Darling သိလား..ဒီမျက်ခုံးနက်နက်လေးတွေကရှင့်အလိုမကျဖစ်လို့တွန့်ကွေးလိုက်တဲ့အချိန်တွေဆိုသိ်ပ်ဆွဲဆောင်မှုရှိတာပဲ။ပြီးတော့ တစ်ခြားသူတွေကိုမဟုတ်ပါပဲ ကျမတစ်ယောက်တည်းကိုပဲကြည့်တက်တဲ့ရှင့်ရဲ့ကြည်တောက်ပြီးအရောင်တွေလဲ့နေတဲ့အဲဒီ့မျက်ဝန်းတွေကိုကျမသိပ်သဘောကျတာ။

Rubyက lisaမျက်နှာအစိပ်အပိုင်းလေးတစ်ခုချင်းဆီကိုထိကြည့်ကာသူမရဲ့ရင်တွင်းဖစ်လေးတွေကိုအိပ်နေတယ်ထင်ပြီးပြောပြဝန်ခံသည်လေ။ဒီအခွင့်ရေးကိုလက်လွတ်အဆုံးရှုံးခံလိုက်လို့ဘယ်ဖစ်ပါ့မလဲ။အဲဒါကြောင့်ဆက်အိပ်ချင်​ယောင်ဆောင်ဖို့ပဲဆုံးဖြတ်လိုက်သည်လေ။

Rubyရဲ့လက်တွေကအောက်ဆင်းလာပြီး lisaနှုတ်ခမ်းတွေမှာရပ်တန့်သွားသည်လေ။သူမလက်လေးတွေကLisaနှုတ်ခမ်းတွေကိုပွတ်သပ်နေပြီးအချိန်အတော်ကြာတဲ့ထိသူမဆီကစကားသံမထွက်လာတာကြောင့်ခိုးကြည့်ချင်ပေမယ့်မခိုးကြည့်ရဲ။

LOVE IS JENNIE RUBY JANE Where stories live. Discover now