Ep.12

1.2K 98 0
                                    

[Unicode]

Jisoo lisaတို့ပွဲကနေပြန်လာတော့ အတော်လေး ညနက်လေနေပြီ။ Car parkingကို ရောက် ​​​ေတ့ာဟိုကားများ အကြမ်း ပ တမ်းမောင်းထွက်လာမလားဆိုပြီး မိမိကားကို ဂရုတစိုက်နဲ့ parkingထိုးနေသည်။ ထူးဆန်းတယ်။ အကြမ်းပတမ်းမောင်းထွက်မဲ့ကားက ဒီည တော့ ကားparking မှာ parkingထိုးလျက်အတိုင်း ငြိမ်သက်စွာရှိနေလေသည်။

Jisoo pov:ဟူး အခုမှပဲ စိတ်အေးရတော့တယ်။ ဒီ ဒိညတော့ လွတ်လွတ်လပ်လပ်
ကား parking ထိုးနိုင်ပြီ။

ကား parkingထိုးပြီး ကားပေါ်က ဆင်းကာ ဓာတ်လှေကားကို ဦးတည်တော့ မျက်လုံးက ခေါင်မှာသွေးတွေနဲ့ လဲချသွားတဲ့လူတစ်ယောက်ကိုမြင်သည်။ရုတ်တရက်လန့်သွားသော်လည်းကိုယ်မှ မကူရင် အသက်စိုးရိမ်ရသောကြောင့် ထိုလဲချသွားတဲ့လူနားသို့ တ​ဖြည်းဖြည်းချင်းကပ်သွားလို်က်သည်။ အနီးရောက်သွားတော့ အမြင်အာရုံတို့ပို၍ ပီပင်လာသည်။ လဲကျသွား
တဲ့လူက မိန်းကလေးတစ်ဦးပဲ။ jisoo အနားထပ်ကပ်ကာ အနီးကပ်ကြည့်တော့ ကားကိုအကြမ်းပတမ်းမောင်းထွက်နေကြမိန်းကလေး။ မိန်းကလေးလို့တောင်ပြောလို့ရပါ့မလားမသိ သူ့ပုံစံက။ တော်တော်လေးခေါင်းတွေပူထူသွားပြီး ဦးနှောက်ကို အလုပ်ပေးလိုက်ရသည်။.

Jisoo pov:ငါ Ambulance ေခါ်ပေးရင်ကောင်းမလား။ ဒါမှ မဟုတ် ရဲကို ခေါ်လိုက်ရင်ကော..မဖစ်သေးပါဘူး ငါ့ပါ အမူပတ်နေမှ
ဒုက္ခ ရောက်နေဦးမယ်။ ဆေးရုံရောက်ရင်လည်း စစ်ဆေးမေးမြန်းတာတွေနဲ့ ပိုပြီးတော့​တောင် ရှုပ်နေဦးမယ်။ ကျစ်...ငါဘယ်လိုလုပ်ရပါ့မလဲ။

ဘာအကြံမှမထွက်လာတဲ့အဆုံးတော့ ကား parking က security ကိုအကူညီတောင်းပြီးကိုယ့်အခန်းထဲကိုပဲသယ်လာခဲ့ရသည်။ jisoo. သူ့ကို sofaပေါ်လှဲစေပြီးတာနဲ့ ကိုယ့် personal doctorဖစ်တဲ့Momo ကိုချက်ချင်းပင်ဖုန်းဆက်အကြောင်းကြားလိုက်ရသည်။ ဘာအကြောင်းရင်းမှရေရေရာရာမရှိပါပဲ ခေါင်းမှာသွေးတွေနဲ့ သတိလစ်နေတဲ့ သူမကိုကြည့်ပြီး ခေါက်တုံ့ခေါက်ပြန်လမ်းလျောက်နေရင်း စိတ်ပူနေမိသည်။ဒါကို ကိုယ် ကိုယ်တိုင်တောင်သတိမထားမိ။

Doctor က ကိုယ့် personal doctor ဆိုတော့ ကိုယ့်တံခါး pwတွေသိပြီးသားမို့အထူးတလည်တံခါးဖွင့်ပေးစရာမလုိ။

LOVE IS JENNIE RUBY JANE Where stories live. Discover now