Part-3

4.3K 354 41
                                    

ဆိုဖာပေါ်၌ထိုင်၍
TVကိုသာ အကြည့်ရောက်နေသော ကိုစက်ဟာ သူ့ကိုလုံးဝဂရုမစိုက်သည့်ပုံပေ။

ကိုစက်က သူ့ထက်အရပ်အနည်းငယ်နိမ့်သော်လည်း အရမ်းကြီးနိမ့်တာမျိုးတော့မဟုတ်ပေ။
ပုခုံးကျယ်ကျယ်နဲ့ ရင်အုပ်ကြီးကြီးတွေ ဒါ့အပြင် တောင့်တောင့်ဖြောင့်ဖြောင့်ခန္ဓာကိုယ်က လုံးဝsexyကျလှသည်။
ဒါ့အပြင် တိုက်ရေခိုက်ရေကလည်း
လုံးဝထိပ်တန်း။

အမ် သင်းရတနာပြောတဲ့
fictionတွေထဲမှာဆိုဘယ်လိုခေါ်မလဲ Strong bottomလား။

"ကိုစက်"

"အင်း"

Black coffeeအား သောက်နေရင်း
TVကနေ အကြည့်မလွဲပဲ သူခေါ်သည်ကိုပြန်လည်ထူးလာသော
ကိုစက် ကို စိုင်းအောင်လင်းသန့်တောက်ပစွာပြုံးပြလိုက်သည်။

"ကျွန်တော့်ကို ချစ်လား"

လင်းသန့် ထိုကဲ့သို့မေးလိုက်တော့
ကိုစက်က မျက်မှောင်ကျုံ့သည်။
ပြီးတော့ ရယ်သံစွတ်၍

"မချစ်ပါဘူး"
ဟုပြန်လည်ဖြေလေသည်။

"ကိုစက် က ဗျာ"

လင်းသန့် စူပုတ်စွာပြောလိုက်တော့
ကိုစက်က သူ့ခေါင်းကိုခပ်ဖွဖွပုတ်သည်။

ထို့နောက် သူ့နဖူးကို ခပ်ဖွဖွနမ်းရင်း
ပြောသည်က "ချစ်တာပေါ့"တဲ့လေ။

"ကိုစက်"

"ဘာတုန်း ခဏခဏခေါ်နေတာ"

လင်းသန့် ကိုစက်အနားသို့ တိုးကပ်သွားလိုက်၍ ခန္ဓာကိုယ်နှင့်မလိုက် ကိုစက်၏ရင်ခွင်ထဲအား အတင်းတိုးဝင်လိုက်သည်။

"ကိုစက်လေ ကိုကြီးမင်းခန့် အနား အရမ်းမကပ်လို့ရမလားဟင်။
အရင်ကတည်းက ကိုကြီးရဲ့တပည့်ဖြစ်ခဲ့မှန်းသိပေမဲ့လည်း ကျွန်တော်ကသဝန်တိုတတ်တာ ကိုစက်သိသားနဲ့"

"ကိုယ်တို့ အဲ့အကြောင်းထပ်မပြောဖို့ပြောထားတယ်မလား ကလေး"

"ဒါပေမဲ့"

"Bossက ကိုယ့်ရဲ့ကယ်တင်ရှင်၊ ကိုယ်ဒုက္ခတောထဲ ရောက်နေတုန်းက အဲ့ထဲကနေ သူကိုယ်တိုင်ဆွဲထုတ်ပေးခဲ့တာ။bossသာမရှိရင် ကိုယ်လည်းအသက်ရှင်နေမှာမဟုတ်ဘူး"

In Love With An Old Mafia(Complete)Where stories live. Discover now