Part-21

2.9K 219 18
                                    


ကဒ်!

ဟူသောအသံနှင့်အတူ ဇာတ်လမ်း၏အပိုင်းတစ်ပိုင်းသည်လည်းရိုက်ကူး၍ပြီးဆုံးသွားခဲ့ပြီးဖြစ်သည်။

သက်ပိုင်တစ်ယောက်
ဇာတ်ညွှန်းစာရွက်တို့ကိုအနည်းငယ်လှန်ကြည့်လိုက်ရင်း
ခဏကတင်ရိုက်ထားသောဇာတ်လမ်းအား ပြန်ကြည့်လိုက်ရင်းနှင့် အလုပ်ရှုပ်နေလေသည်။

သရုပ်ဆောင်ကွက်တွေက အပိုအလိုမရှိ ကောင်းလှသည်မှာ ငြင်းဆို၍မရနိုင်တကယ့်ကိုပြီးပြည့်စုံလွန်းနေသည်ပင်။

"ဘယ်လိုလဲ အကို
အဆင်ပြေရဲ့လား"

ရှိုင်းမင်းဆက်၏အပြောကို သက်ပိုင်ခေါင်းငြိမ့်ကာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
မင်းဆက်ဟာလည်း သက်ပိုင်ကဲ့သို့မိဘမဲ့တစ်ယောက်ဖြစ်ကာ
သက်ပိုင်အား အကိုတစ်ယောက်ကဲ့သို့ ခင်တွယ်နေသည့်သူပင်။

ထိုကြောင့် သက်ပိုင်ကလည်း မင်းဆက်အား ညီလေးတစ်ယောက်လိုသဘောထားဆက်ဆံခဲ့သည်မှ
ကံဆိုးစွာဖြင့် သတင်းများစွာထွက်လာခဲ့သည်မှာတော့ မတားနိုင်ခဲ့။

မင်းဆက်က ဂရုမစိုက်ပေမဲ့ သက်ပိုင်ကတော့ဂရုစိုက်သည် အထူးသဖြင့်လေးလေးငယ်....။
အခုဆိုရင် အဲ့သတင်းတွေကိုလေးလေးငယ်သိပြီးသွားလောက်ပြီပင်။

လေးလေးငယ်က သူ့ကိုပွေရှုပ်သည့်သူတစ်ယောက်လိုမထင်သွားစေချင်ပေ။
သူဟာ လေးလေးငယ်ကိုအရင်ကတည်းကချစ်နေခဲ့သူဖြစ်သလို အခုထိလည်းချစ်နေဆဲမို့ လေးလေးငယ်မှလွဲ၍တခြားသော လူဆိုတာမရှိ။

လေးလေးငယ်သာလျှင် သက်ပိုင်၏ တစ်ဦးတည်းသောနှင့် အနှိုင်းမဲ့ဖြစ်သည်။

မင်းဆက်ဟာ မိဘမဲ့တစ်ယောက်ဖြစ်၍အနည်းငယ်အားကိုးရာမဲ့နေသည့်သူတစ်ယောက်မို့ သက်ပိုင်ကဖေးမကူညီခြင်းသာဖြစ်သည်။
သက်ပိုင် မင်းဆက်ဟာညီငယ်လေးတစ်ယောက်လိုတော့ ခင်တွယ်ပါသည်
သို့သော် ယင်းထက်သို့ပိုလွန်သွားခြင်းအလျင်းမရှိခဲ့။

ပိုလျှံမိသည့်ချစ်ခြင်းမေတ္တာများဟာလေးလေးငယ်တစ်ယောက်တည်းအတွက်သာဖြစ်တည်ခဲ့သည်။

ထို့အပြင် မင်းဆက်ဟာ straightဖြစ်၍ သက်ပိုင်နှင့်လေးလေးငယ်အကြောင်းကိုလည်း သက်ပိုင်ပြောပြထားလို့သိပြီးသားပင်။

In Love With An Old Mafia(Complete)Where stories live. Discover now