Part-27

2.6K 180 7
                                    

တိုက်ခက်လာသောလေပြေအေးအေးလေးနဲ့အတူထပ်မံကြွေကျလာပြန်တဲ့ မေပယ်လ်ရွက်တွေကိုငေးရင်း
ချစ်ရသူရဲ့လက်ကလေးကို ကိုင်ကာ
မေပယ်လ်ရွက်တွေပြည့်နှက်နေတဲ့လမ်းကလေးထဲလမ်းလျှောက်ရတာဟာဘယ်လောက်တောင် လှပတဲ့ကံကောင်းခြင်းလဲလေ။

"လေးလေးငယ်"

"အွန်း ပြောလေ"

"ကျွန်တော်လေအခုပျော်လွန်းလို့သေလို့ရပြီဗျ သိရဲ့လား....
လေးလေးငယ်ရဲ့လက်ကိုအခုလိုဆုပ်ကိုင်ပြီးလမ်းအတူလျှောက်နိုင်ဖို့ဘယ်လောက်တောင်မျှော်လင့်ခဲ့တယ်လို့ထင်လဲ....
တစ်ခါတစ်လေ အရမ်းကိုကြည်နူးဖို့ကောင်းလွန်းလို့ အိမ်မက်လို့ထင်မိတဲ့အထိပဲ"

စိုင်း တွဲထားသော လက်များကိုပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ရင်း လက်မလေးဖြင့် သက်ပိုင်၏လက်ဖမိုးလေးကိုအသာပွတ်လိုက်သည်။

"အိမ်မက်မဟုတ်ပါဘူး"

ထိုအခါ သက်ပိုင်က သူ့အားချစ်ရည်လဲ့နေသောမျက်ဝန်းများနှင့်ကြည့်လာရင်း သူ၏လက်ဖမိုးထက်၌ပေးလာသော အနမ်းတပွင့်။
ထိုနောက် ကြည့်လာသည့်မျက်ဝန်းများက နွေးထွေးနူးညံလွန်းလို့ စိုင်းတစ်ယောက်အရည်ပင်ပျော်ကျမတက်ဖြစ်ရသည်။

ယင်းပယင်းရောင်မျက်ဝန်းတို့ဟာ တကယ့်ကိုရင်ခုန်စရာကောင်းလွန်းပါသည်တကား။

"လေးလေးငယ်အတွက်ဆိုရင်
ကျွန်တော့်ရဲ့အချစ်မှာ Expire Dateမရှိဘူးဆိုတာ သိလား"

သိယုံတင်မကပဲ စိုင်း၏နှလုံးသားအသည်းခြေ
ထဲကထိတောင် သက်ပိုင်၏အချစ်အားယုံလေသည်။

"ငါ့ရဲ့အချစ်တွေကလည်း မင်းတစ်ယောက်တည်းအပေါ်မှာပဲ ပေါက်ဖွားလာတာပါ"

"ကျွန်တော့်ကိုရွေးချယ်ပေးလို့ကျေးဇူးတင်ပါတယ် လေးလေးငယ်"

မေပယ်လ်ရွက်တွေပြည့်နှက်နေတဲ့ နေရာတစ်ခုမှာ လူနှစ်ဦးဟာပြန်လည်တွေ့ဆုံခဲ့တယ်။
10စုနှစ်တိုင်အောင်စောင့်နေခဲ့သည့် ကောင်လေးငယ်တစ်ယောက်၏
ချစ်ခြင်းနဲ့
ယင်းကောင်လေးငယ်အပေါ်ထားသည့် အတုမရှိတဲ့ အမျိုးသားတစ်ယောက်ရဲ့မေတ္တာ။

In Love With An Old Mafia(Complete)Where stories live. Discover now