Part-20

3.2K 255 38
                                    

"အန်ကယ် ဘာဇာတ်ကားကြည့်နေတာလဲ"

သင်းရတနာက စူးစမ်းသည့်ဟန်နှင့် စိုင်းကြည့်နေသော Laptop စီသို့ခေါင်းငုံ့ကာ
ကြည့်လာသည်။

သင်းရတနာ၏ အမေးကိုတော့ စိုင်းပြန်မဖြေဖြစ် မဖြေလည်း သင်းရတနာက သိနေပြီးသားကိုး။ ယင်းဇာတ်ကားကတော့
သင်းရတနာသဘောအကျဆုံး စာရေးဆရာဖြစ်သူ Paiရဲ့ ဝတ္ထု၏Live Actionဖြစ်သောကြောင့်ပင်။

သက်ပိုင် ရေးထားသောဝတ္ထု၏ Live actionကား လွန်ခဲ့သော တပတ်ကမှ စထွက်ခဲ့ခြင်းဖြစ်၍ အခုဆိုအပိုင်း(4)ပင်ရောက်နေပြီဖြစ်သည်။

မျိုးဆက်အား တစ်ခါတစ်လေသွားတွေ့သည့်အခါများဆိုလျှင် သက်ပိုင်အား မကြာခဏတွေ့ရတတ်လေသည်။
တွေ့သည့်အခါတိုင်းလည်း ဇာတ်ညွှန်းတိုက်နေသည့် အခါများဖြစ်သောကြောင့် သက်ပိုင်နှင့်အတူသရုပ်ဆောင်များကိုလည်းတွေ့ရသေး၏။

"အော် Paiရဲ့ ဇာတ်လမ်းလား"

သင်းရတနာက ခေါင်းတညိမ့်ညိမ့်နှင့် အခြားတဖက်သို့လှည့်သွားသည်။
ထို့နောက် ဆိုဖာပေါ်၌ ခြေပစ်လက်ပစ်လဲချလိုက်ရင်း အလိုမကျဟန်နှင့်
နှာအား
တချက်မှုတ်သည်။

"အန်ကယ်သိလား
အခု Paiက သတင်းတွေထွက်နေတာလေ"

ဒီတစ်ခေါက်တွင် စိုင်းမျက်ခုံးအနည်းငယ်ပင့်သွားသည်။

"ဘာသတင်းလဲ"

"သူ့ရဲ့ အခု Horror live action
မှာပါတဲ့ သရုပ်ဆောင် ရှိုင်းမင်းဆက်ကိုသိတယ်မလား"

သင်းရတနာက ပြောလက်စကိုရပ်ပြီး စိုင်းအား ကြည့်လာသည်။
စိုင်းလည်း သိတယ်ဆိုသောဟန်နှင့်ခေါင်းတချက်ညိမ့်ပြလိုက်၏။
ထိုအခါမှ
သင်းရတနာက သူ့စကားကိုဆက်လက်ပြော၏။

"အင်း အဲ့ရှိုင်းမင်းဆက်နဲ့ Paiရဲ့သတင်းတွေထွက်တာလေ။
Behind the scenes မှာ ရှိုင်းမင်းဆက်နဲ့Paiရဲ့ ဇာတ်ညွှန်းဖတ်နေတဲ့ပုံတွေနဲ့ momentဘာညာတွေထွက်လာတော့ Fujoshiမတွေအကြိုက်ပေါ့။
အဲ့မှာ အခုတောင် Fan clubတွေဘာတွေနဲ့"

သင်းရတနာ၏ စကားများကြောင့် စိုင်း၏ခါးက မတ်ကနဲဖြစ်သွားကာ
သတိနေအထားကဲ့သို့ဖြစ်သွားသည်။

In Love With An Old Mafia(Complete)Where stories live. Discover now