Part-19

3K 250 29
                                    

စိုင်း သူ၏အရှေ့မှ လူနှစ်ယောက်အားကြည့်ရင်း ဆွံ့အသွားမိသည်။
သက်ပိုင်က ဘယ်လိုလုပ် ဒီမှာရှိနေရတာလဲ....။

အနှီပေါက်စကလည်း စိုင်းလိုမျိုး
စစတွေ့ချင်းမှာအံ့အားသင့်သွားဟန်။
မတွေ့တာကြာလို့ပဲလားမသိ
စိုင်း သက်ပိုင်ကိုမြင်နေရင်းနှင့်ကို လွမ်းဆွတ်စိတ်ကထွက်ပေါ်လို့လာ၏။

ထို့အပြင် ဆံပင်ပုံစံကလည်းပြောင်းထား၍ ယခုပုံစံကား
ခေါက်ဆွဲလေးများလိုကောက်ကောက်ကွေးကွေးလေးများဖြစ်ကာ နဖူးပေါ်သို့လည်းဝဲကျနေသေးသည်။
အသက် 27နှစ်အရွယ်အမျိုးသားတစ်ယောက်ထက် အသက် 20အရွယ်ကောင်လေးတစ်ယောက်နှင့်တောင် ပိုမိုတူနေသေးသည်။

အမွှေးစုတ်ဖွားနဲ့ ခွေးပေါက်ကလေးတစ်ကောင်အလား ချစ်ဖို့ကောင်းနေသည်မှာငြင်း၍မရ။
စိတ်ရှိတိုင်းသာဆိုလျှင်
သက်ပိုင်၏ဆံပင်များအား သွားရောက်ကာ ဖွပစ်မိမှာအမှန်ပင်။

စိုင်း အတွေးနွံထဲနစ်နေတုန်း အသံနိမ့်နိမ့်လေးနှင့် သူ့အားခေါ်လိုက်သည့်အသံကိုကြားလိုက်ရသည်။
ယင်းအသံကား

"လေးလေးငယ်..."

"မင်းတို့နှစ်ယောက်က..."

မျိုးဆက်က စူးစမ်းဟန်နှင့်မေးလာသည်။
ယင်းမေးခွန်းကြောင့် စိုင်းအနေငယ်တွေ သွားသည်မှာငြင်း၍မရ။
သက်ပိုင်နှင့်သူ၏ ဆက်ဆံရေးကဘာများလဲ။

သူငယ်ချင်းလား...မဟုတ်။
မိသားစုလား...မဟုတ်။
ချစ်သူတွေလား....မဟုတ်။
သူတို့နှစ်ယောက်၏အခြေအနေကို ဖြေကြားရန်အဖြေဟာတကယ်ပင်ရှိမနေခဲ့ပါချေ။

စိုင်းတွေဝေနေတုန်းမှာပဲ သက်ပိုင်စီမှအသံထွက်လာသည်။

"ကျွန်တော်တို့က အသိတွေပါ"

ထိုမှ စိုင်းလည်းကမန်းကတန်းခေါင်းငြိမ့်ပြလိုက်ရတော့သည်။
သို့သော် စိတ်ထဲမှမကျေနပ်ချက်တစ်ခုကိုတော့ သူကိုလည်းခေါင်းစဥ်တပ်၍မရခဲ့။

ဟုတ်တာပေါ့ သူတို့နှစ်ယောက်ကအသိတွေ....။
သိပ်ကိုသိကြတဲ့ အသိတွေ..

စိုင်း သက်ပိုင်အားမော့ကြည့်လိုက်တော့
ပေါက်စက သူ့အားပြုံးပြနေသည်။

In Love With An Old Mafia(Complete)Where stories live. Discover now