Part-6

3.9K 287 41
                                    

"အန်ကယ်"

သင်းရတနာ အခေါ်ကိုစိုင်းစာအုပ်ဖတ်နေတာကနေ အကြည့်မလွဲပဲခေါင်းတချင်ငြိမ့်ပြကာ "အေး"ဟုထူးလိုက်သည်။

"ကယ်လေး လင်းသန့်ကိုအခုတလောလည်းမတွေ့ဖြစ်ဘူးနော်။အန်ကယ့်ကိုဖုန်းမဆက်ဘူးလား"

"မင်း ကယ်လေးငါ့ကိုဖုန်းဆက်တာ ဘယ်နှကြိမ်တွေ့ဖူးလို့လဲ"

ဟုတ်လည်းဟုတ်ပါသည်။လင်းသန့်ကတော်ရုံတန်ရုံဆို ဖုန်းသိပ်မဆက်တတ်။အရေးကြီးမှသာ ဖုန်းဆက်တတ်သည်။ပုံမှန်ကတော့ တပတ်နှစ်ကြိမ်အိမ်လာလည်ပြီး ပြောစရာရှိတာပြောသွားသည်။

သို့သော် အခုတလော အိမ်ကိုမလာတာ2ပတ်ရှိသွားပြီဖြစ်သည့်အပြင်
ဖုန်းလည်းတချက်မှမဆက်သောကြောင့် တူမတော်က မေးခြင်းဖြစ်ပါလိမ့်မည်။

"ဒါနဲ့အန်ကယ် ဘာစာအုပ်ဖတ်နေတာ...
စာအုပ်ဖတ်ရတာမကြိုက်ဘူးထင်နေတာ"

"သက်ပိုင်ရေးထားတဲ့ဟာ.."

စိုင်းထိုကဲ့သို့ဖြေတော့ သင်းရတနာက သိသားပဲဆိုသောပုံစံနှင့် နှာခေါင်းရှုံ့သည်။

"အင်းပေါ့ အန်ကယ့်ရဲ့ပေါက်စလေးရဲ့စာအုပ်ပဲ ဖတ်ရမှာပေါ့နော်"

သင်းရတနာ၏ စကားကြောင့်စိုင်းမျက်မှောင်ကြုပ်ကာကြည့်လိုက်တော့ ကလေးမ က ဇက်ကလေးပုဝင်သွားသည်။

"ဒါနဲ့ အန်ကယ်စက် လည်းမလာသေးဘူးနော်"

"အေး"

ထိုအချိန်မှာပဲ စိုင်း၏လက်ကိုင်ဖုန်းမှ အသံမြည်လာပြီး ဘယ်သူလဲကြည့်လိုက်တော့ ညီဖြစ်သူ စိုင်းအောင်လင်းသန့်။
အသက်တွေလည်းရှည်ပါဦးမယ်။

"အေးလင်းသန့်"

*........*

"ဟမ် ချစ်သူရသွားတယ်?မင်းဘာကိုဆိုလိုတာလဲ?"

*........*

"အဲ့တာဆို အိမ်ရောက်မှ ဆွေးနွေးကြတာပေါ့..အေးအေး"

စိုင်း ဖုန်းချအပြီးမှာတော့ သင်းရတနာအားတချက်လှည့်ကြည့်လိုက်သည်။
တူမတော်ကလည်း ဘာဖြစ်ကုန်တာလဲဆိုတဲ့ပုံစံနဲ့ ပြူးတူးပြဲတဲ။

"ဘာတဲ့လဲ ကယ်လေး
ကဘာပြောတာလဲ...ချစ်သူ?ဘယ်ကချစ်သူလဲ..သူ့ချစ်သူက အန်ကယ်စက်မဟုတ်လား"

In Love With An Old Mafia(Complete)Where stories live. Discover now