Part-17

3.1K 224 44
                                    

"ကိုသက် ရဲ့ဝတ္ထုအခု Live actionထွက်ဖို့ရှိတယ်ဆို"

စူးစမ်းသလိုမေးလာတဲ့ အရှေ့မှလူငယ်လေး၏အမေးကို သက်ပိုင်ခေါင်းငြိမ့်ရင်းပြန်လည်ဖြေဆိုလိုက်သည်။

"ဟုတ်တယ် သတင်းပေါက်တာမြန်လှချေလား ငါတောင်ဘယ်သူမှမပြောပြရသေးဘူး"

သူ၏အပြောကို အရှေ့မှလူငယ်လေးက သဘောတကျရယ်သည်။
အနက်ရောင်ဆံပင်တို့ကအရင်ကထက်ပိုမိုရှည်လာ၍ လှိုင်းအတွန့်လေးသဖွယ်ဖြစ်နေ၏၊
ပြတင်းပေါက်မှလာတဲ့နေရောင်ခြည်ကြောင့် ထိုကောင်လေး၏မျက်ဝန်းတို့မှာ အညိုရောင်သမ်းကာ နွေးထွေးမှုနှင့်အေးချမ်းခြင်းအသွင်ကိုဆောင်လေသည်။

ခပ်ရှည်ရှည်လက်ချောင်းတို့တွင် ဆေးအနည်းငယ်ပေနေသည့်အပြင် အင်္ကျီ၏အစွန်းနားအချို့တွင်လည်း ဆေးရည်များအနည်းငယ်ပေကျံနေ၏။

Painting Apron အားဝတ်ထားသောကြောင့် အင်္ကျီ၌ဆေးရောင်များအများကြီးပေတေနေတာမျိုးတော့မရှိချေ။
ပန်းချီဆွဲလက်စဖြစ်နေသောကြောင့်
လက်မှာအနည်းငယ်စိုနေသေးသော
ဆေးရည်များ
ကြောင့် ကော်ဖီအဖြူကိုကိုင်လိုက်သည့်အချိန်၌ ခွက်တွင်
ဆေးများပေကျံသွားကြသည်။

"ကိုသက် စစချင်း ကျွန်တော့်ဆီရောက်လာတုန်းက ကျွန်တော့်ဖြင့်အံ့သြသွားတာပဲ။အကြောင်းမကြားဘာမကြား"

"ငါက ဒီဘက်ကိုအလုပ်ကိစ္စရှိတာနဲ့
လမ်းကြုံလို့ ဝင်လာတာ မတွေ့တာလည်းကြာပြီကိုး၊
ပြီးတော့ လင်းထက်ကိုလည်းနှုတ်ဆက်လို့ရအောင်"

သက်ပိုင်အား လှိုင်းက ဖော်ရွေစွာဖြင့် ပြုံးပြလာသည်။
လှိုင်းနဲ့သက်ပိုင်က ဆွေးနွေးပွဲတစ်ခုမှာရင်းနှီးခဲ့တာဖြစ်ပြီး အတော့်ကိုခင်ကြသည့်အထဲပါလေသည်။
လှိုင်းက သက်ပိုင်အတွက် ညီလေးတစ်ယောက်လိုဆွေးနွေးဖော်ဆွေးနွေးဖက်တစ်ယောက်လို အားထားရတဲ့သူဖြစ်ပြီး သက်ပိုင်ဟာလည်း လှိုင်းအတွက် အကြံညဏ်တောင်းနိုင်ပြီးရင်ဖွင့်ဖော်ရင်ဖွင့်ဖက် အကိုတစ်ယောက်လိုပင်။

"ဒါနဲ့ ကိုသက်ရဲ့ ဇာတ်လမ်းကဘယ်အချိန်ထွက်မှာလဲ"

"အမ်...နောက်လအနည်းငယ်နေပြီးရင်ပေါ့။ သန်ဘက်ခါလောက်ကျရင်
Entertainment က တာဝန်ရှိသူနဲ့သွားဆွေးနွေးမလို့။ပြီးရင်တော့ ဇာတ်လမ်းရိုက်ဖို့အတွက်ပြင်ဆင်စရာရှိတာပြင်ဆင်ရမှာပေါ့"

In Love With An Old Mafia(Complete)Where stories live. Discover now