Part-37

1.8K 137 38
                                    

နာရီလက်တံများက အစဥ်ရွေ့လျားနေလျက်ရှိပြီး
သံတရာဟာလည်း နေ့မနားညမနား
စက္ကန့်မခြားပဲ လည်ပတ်လျက်ရှိသည်။

လမ်းမထက်မှာ နှင်းရည်များက ဖုံးလှမ်းလျက်ရှိပြီး တစ်ချက်တစ်ချက် လေပြည်နုနုက ညင်သာစွာတိုက်ခက်လို့သွားသည်။
ဆောင်းတွင်းနံနက်ရယ်မို့ စိမ့်ကာအေးနေသော အအေးချိန်ကို အအေးမကြိုက်သူများအဖို့
စောင်အထပ်ထပ်လွမ်းခြုံထားစေကာမူ အံတုနိုင်ဖို့ရာ ခက်ခဲလှပေမည်။

ကုတင်ထက်တွင် မလှုပ်မယှက် လဲလျောင်းနေသော ကောင်​လေးငယ်ကော အေးနေလိမ့်မလားဟု စိတ်ကတွေးမိတော့ စောင်တစ်ထည် ထပ်ယူခဲ့၍ ကောင်လေးငယ်ပေါ်၌ လွှမ်းကာခြုံအုပ်လိုက်သည်။

ဆရာဝန် ပြောသွားသည်မှာတော့ သက်ပိုင်မှာ လအနည်းငယ်အကြာ
ကိုမာဝင်နေချေရှိပြီး ယခုတလောအတွင်းတော့ နိုးလာဖို့ အခြေအနေမမြင်ဘူးဟူ၍ပင်။

ကျောက်ပတ်တီးဖြင့် စည်းထားသော သက်ပိုင်၏ ညာဘက်လက်ကိုအကြည့်ရောက်မိတော့ နှလုံးသားမပြေမဖြောင့်စွာဖြင့် လှုပ်ခက်လာ၏။

"တောင်းပန်ပါတယ်"

စိုင်းထိုစကားကို ပြောနေမိတာ ဘယ်နှကြိမ်ရှိပြီလဲ မသိပါချေ။
နေ့နေ့ညည သက်ပိုင်အနား၌နေ၍ ဖြေသူမရှိသည့် စကားများကို သက်ပိုင်နိုးမလာသည့် ဤတစ်ပတ်လုံး ပြောဆိုနေခဲ့သည်။

သူဘယ်လောက်ပဲ စကားပြောနေပါစေ ချစ်ရသူ၏ ပြန်၍တုံ့ပြန်မှုဟာရှိမလာခဲ့၊လက်ချောင်း တစ်ချောင်းလေးပင်မလှုပ်သလို မျက်တောင်ကလေးပင် တချက်မခတ်။
နေ့တိုင်း နာကျင်မှုနှင့်အပြစ်တင်စိတ်တို့က သူ့ကိုနှိပ်စက်နေပြီး သူ့ကိုယ်သူ
ခွင့်မလွှတ်ဖြစ်နေသည်မှာ တားမရဆီးမရ။

နှာခေါင်းတွင်း၌ စူးရှမှုကိုခံစားလိုက်ရ၍ မကြာခင်မှာပဲ မျက်ရည်စတို့က ကျဆင်းလာခဲ့ပြန်သည်။
အခုအချိန်တွင် သူလိုအပ်သောတစ်ခုတည်းသော အရာကာ သက်ပိုင်၏တုံ့ပြန်မှု​လေးတစ်ခုမှပင်။

လှုပ်ရှားမှု မရှိပဲ ဆေးရုံကုတင်ပေါ်တွင် နေ့တိုင်း လဲလျောင်းနေသော အသက်ကိုကြည့်ရသည်မှာ အူအသည်းများထဲထိနာကျင်ခံစားရ၍
ဤမြင်ကွင်းဟာ စိုင်း၏စိတ်ကို အပြင်းအထန်ထိခိုက်စေလေသည်။

In Love With An Old Mafia(Complete)Where stories live. Discover now