Part-25

2.9K 195 13
                                    

လေယာဥ်ကွင်း၌ လူများစွာက ဖြတ်သန်းသွားလာနေကြသည်။
ခုံတန်းရှည်ပေါ်၌ ထိုင်နေရင်း နာရီကိုကြည့်မိတော့ လေယာဥ်ပေါ်တက်ရဖို့ အချိန်သိပ်မလိုတော့။

စိုင်း နံဘေးသို့ငဲ့ကြည့်မိတော့
သူ၏လက်မောင်းအား ဖက်ထားလျက်နှင့် ပုခုံးပေါ်သို့ခေါင်းအားတင်ကာ ပွတ်သီးပွတ်သပ်နှင့် လာရောက်ချွဲနေသော ကောင်လေး။

"ဘယ်လောက်တောင်ကြာမှာလဲ"

နှာသံကလေးဖြင့် ခပ်အပ်အပ်ကလေးမေးလာသော ဒီသက်ပိုင်မှာ
ဂျီကျနေသောကလေးတစ်ယောက်နှယ်။

"ခဏလေးပါ နှစ်ပတ်လောက်တည်းဟာ"

"ဒါပေမဲ့ ကျွန်တော်တို့က မနေ့ကမှချစ်သူ စဖြစ်ထားတာလေ"

ငြူစူစူပြန်လည်ဖြေဆိုလာတော့ ပြန်ဖြေဖို့စကားပင်ပျောက်သွားရသည်။
ဟုတ်လည်းဟုတ်ပါသည်
မနေ့ကပင် ချစ်သူဖြစ်ထားသော်လည်းပဲ ယနေ့ကျ အသစ်ချွတ်ချွတ်ချစ်သူကောင်လေးကိုထားပြီး ခရီးသွားဦးမည်တဲ့။

အစတုန်းက အပြီးပြောင်းရွှေ့သွားရန်စီစဥ်ထားသော်လည်း ကိစ္စများစွာဖြစ်သွားပြီနောက်ပိုင်း အစီအစဥ်များဟာလည်းပြောင်းသွားကာ
အတည်တကျရွေ့ပြောင်းခြင်းမှာ ခရီးတိုတစ်ခုအသွင်သို့ နေ့ချင်းညချင်းကူးပြောင်းသွားရလေသည်။

သက်ပိုင်က သူပါလိုက်ခဲ့ချင်သည်ပြောသော်လည်း စိတ်အခြေအနေအရ သူ့အတွက်အချိန်လိုအပ်နေသေးသည်မို့
မလိုက်ခဲ့ရန်ပြောလိုက်သဖြင့် မကျေနပ်ခြင်းဖြစ်ပါလိမ့်မည်။

"ဘာပဲဖြစ်ဖြစ် ငါမင်းကိုမနက်နိုးရင်လည်းဖုန်းဆက်မှာပဲ နေ့လည်ထမင်းစားချိန်လည်းဖုန်းဆက်မှာပဲ ညအိပ်ရင်လည်းမင်းနဲ့ဖုန်းပြောပြီးမှ
အိပ်မှာ....။ အဆက်အသွယ်ကအမြဲလုပ်နေမှာလေ ပေါက်စရ"

"ပြီးတော့ လေးလေးငယ်အတွက်က အချိန်လိုသေးတယ်လေ"

ထိုသို့ပြောလိုက်တော့ သက်ပိုင်၏လက်များက စိုင်း၏လက်များသို့လာရောက်ဆုပ်ကိုင်သည်။
ထို့နောက် အသံတိုးတိုးလေးဖြင့်...

"ကျွန်တော်စောင့်နိုင်ပါတယ်"

ကျွန်တော်က လေးလေးငယ်ကိုအမြဲစောင့်နေခဲ့တာပဲလေ...။

In Love With An Old Mafia(Complete)Where stories live. Discover now