Part-26

2.5K 180 8
                                    

ကော်ဖီခွက်မှ ထွက်လာသော အခိုးအငွေ့လေးများဟာ မြူခိုးလေးများသကဲ့သို့။

အနည်းငယ်လာသော ရာသီဥတုနှင့်အတူ မေပယ်ရွက်ဝါတို့ဟာလည်း ဆောင်းဦးကိုကြိုဆိုဖို့ အသင့်ဖြစ်နေကြဟန်။
တိမ်ကင်းစင်တဲ့ကောင်းကင်ကြီးဟာ ယနေ့တော့ စိတ်အခြေအနေသာယာနေပုံပေါ်၏။

ယနေ့နှင့်ဆို သူ မြန်မာနိုင်ငံမှထွက်လာတာ နှစ်ပတ်ပင်ပြည့်ခဲ့ပြီပင်။
သက်ပိုင်ကတော့ အမြဲတစေ နေ့ရောညမပြတ် ဖုန်းဆက်ဆဲ။
ဆက်ရာတွင်လည်း တခေါက်တစ်လေမျှမလွှတ်စေအောင် ယင်းစကားလုံးနှစ်လုံးကို မမေ့မလျော့ပြောတတ်ပါသေးသည်။

စိုင်း  ကော်ဖီတငုံသောက်ရင်း
ဆန်းဒဝစ်အား တလုတ်ကိုက်လိုက်သည်။
မနက်စာ စားနေရင်းမှာပဲ သူ၏ဖုန်းအား အဝင်ကောလ် တစ်ခုက ရောက်ရှိလာပြီး မည်သူမှန်းသိသောကြောင့် ချက်ချင်းကိုင်လိုက်၏။

"Good Morning လေးလေးငယ်"

ဖုန်းကိုင်လိုက်ချင်းချင်းမှာပဲ တဖက်မှ သူ၏ တစ်ဦးတည်းသော အသက်၏ အသံချိုချိုက နားထဲသို့ဝင်ရောက်လာသည်။

"Good Morning အသက်"

"ဘာလုပ်နေတာလဲ အခု မနက်စာ စားပြီးပြီလား"

"အခုစားနေတာ မင်းကော"

"စားပြီးပြီရယ် ခုနကတင် ကုမ္ပဏီကလူတွေကခေါ်လို့ လက်ဖက်ရည်ဆိုင်ထိုင်လာတာ"

"မိန်းကလေးပါလား"

လေးလေးငယ်၏ အမေးကြောင့် သက်ပိုင် ပြုံးစိစိဖြစ်သွားသည်မှာငြင်းမရ။
လေးလေးငယ်အား ထပ်မံ စချင်သေးသဖြင့် ချောင်းတချက်ဟန့်လိုက်ရင်း
အလိမ်လေးအား စတင်လိုက်သည်။

"နှစ်ယောက်ပါတယ် လေးလေးငယ်
ဘာလို့လဲ"

"ဘာမှမဟုတ်ပါဘူး မေးကြည့်တာ"

"လေးလေးငယ် သဝန်တိုနေတာလား"

"မင်းဘယ်လိုထင်လဲ"

"ဒီတိုင်း လက်ဖက်ရည်ဆိုင်ထိုင်ပြီးစကားစမြည်းပြောယုံရယ်ပါ"

"မင်းက အရမ်းပြီး
ပြည့်စုံတယ်လို့ ငါပြောဖူးတယ်မလား အသက်၊မင်းလို လူတစ်ယောက်ကို လိုချင်တဲ့သူတွေအများကြီးပဲ...
ပြီးတော့ ငါကအဝေးရောက်နေတာ မင်းအနားမှာရှိမနေပေးနိုင်ဘူး..
လေးလေးငယ်က မင်းကိုမယုံတာမဟုတ်ဘူးကွာ သိလား...
ဒီတိုင်း စိတ်ပူတာ ပြီးတော့ မင်းကငါ့ချစ်သူလေ ငါသဝန်တိုပိုင်ခွင့်ရှိတယ်မလား"

In Love With An Old Mafia(Complete)Where stories live. Discover now