Part-34

1.8K 124 24
                                    

စားပွဲခုံအောက် လက်နှင့်တစ်တောက်တောက်ခေါက်ရင်း သူ၏အရှေ့မှ ကွန်ပျူတာစခရင်အားစိုက်ကြည့်နေမိသည်။

ကွန်ပျူတာစခရင်ပေါ်တွင်တော့
တည်ကြည်သောအပြုံးနှင့်အေးချမ်းလှသည့်မျက်နှာလေးကိုပိုင်ဆိုင်ထားသည့် ကောင်လေးတစ်ယောက်၏ပုံတစ်ပုံ တည်ရှိနေသည်။
ပယင်းရောင်မျက်ဝန်းများက အလွန်ပင်စွဲမက်ချင်စရာကောင်း၍ မျက်နှာပေါက်မှာလည်းအလွန်ပင်ချောမောလွန်းလှသည်ပင်။

Robert တစ်ယောက် သက်ပိုင်ဟူသောအမျိုးသား၏ပုံကိုကြည့်ရင်း ကျေနပ်စွာပြုံးလိုက်မိသည်။

"ဒီလိုမျက်နှာချောချောလေးကို ဒဏ်ရာတွေပြည့်နေအောင်လုပ်ရမှာစိတ်မကောင်းပါဘူး၊
ဟားဟားဟား"

သူ၏နာမည်ကား Robert၊
ခပ်ရှည်ရှည်ဆံပင်များက
လှိုင်းတွန့်သဏ္ဍာန်များရှိပြီး
မျက်နှာပေါက်မှာ လေးထောင့်ကျကျဖြစ်သည်။

Robertဆိုသူမှာ ယခုနှစ်အတွင်း မြေအောက်လောက၏ ကျားဟူ၍ပင်
တင်စားခေါ်ဝေါ်ခံရသည့် လူတစ်ယောက်ဖြစ်ပြီး ရက်စက်မှုဟာလည်း ထိပ်မှာပင်ဖြစ်သည်။

လွန်ခဲ့သော နှစ်များက Aaromတစ်ယောက် ဂိုဏ်းတဂိုဏ်းအား အမြစ်ပြတ်သုတ်သင်ခဲ့သလိုမျိုး Robertဟာလည်းသူ၏ဂိုဏ်းအားသစ္စာဖောက်ပြီး ဂိုဏ်းခေါင်းဆောင်အားသတ်ကာ ထိပ်သို့ရောက်လာခဲ့သူဖြစ်လေသည်။

ပြိုင်ဆိုင်လိုစိတ်ပြင်းသူပီပီ အခြားသောဂိုဏ်းခေါင်းဆောင်များကိုလည်း စိန်ခေါ်ခဲ့ကာ အဆုံးတွင် အနိုင်ရခဲ့၍
ကျားဟူသော နာမည်ပြောင်အားရရှိခဲ့ခြင်းဖြစ်သည်။

သူ့အား အနိုင်တိုက်နိုင်သူမရှိဘူးဟူ၍ ထင်ထားခဲ့သော်လည်း Aaromဟူသောလူတစ်ယောက်က သူ့အားအနိုင်တိုက်နိုင်သည်သာမက သူသည် Aaromအတွက်တော့ဒီအတိုင်းပုရွက်ဆိတ်တစ်ကောင်လောက်သာရှိသည်ဟူသော စကားအတင်းအဖျင်းများကိုကြားခဲ့ရလေသည်။

ထို့မှ Aaromဆိုသော လူသည်
သူ၏အတွေးထဲဲ၌နေရာယူထား၍
ထိုသူအားစိန်ခေါ်ချင်စိတ်ပြင်းပြလာ​စေသည်။

ထို့ကြောင့် လွန်ခဲ့သော ရက်များအတွင်း၌ Aaromအား စိန်ခေါ်သည့်စာများပေးပို့ခဲ့သော်လည်း Aaromဟာသူ့အားဂရုမစိုက်ခဲ့ပေ။
ပေးပို့ခဲ့သော ပြန်စာ၌လည်း ဤလောကနှင့်အရှုပ်အရှင်းကင်းစွာနေချင်သောကြောင့် သူ့အားအနှောင့်အယှက်မပေးရန် ရေးသားထား၏။

In Love With An Old Mafia(Complete)Where stories live. Discover now