Part-16

3.2K 237 57
                                    

သင်းရတနာ သူမ၏အရှေ့မှ
ချစ်ကြည်နူးတစ်တီတူးနေကြသည့် ကယ်လေးတို့အတွဲကိုကြည့်ရင်း
ထိုနေရာမှအငွေ့ပင်ပျံထွက်ချင်တော့သည်။

ရန်ဖြစ်ပြီး လမ်းခွဲမယ် ဘယ်တော့မှပြန်မစုံတော့ဘူးဆိုပြီး တစ်ကဲကဲလုပ်နေတာကြတာက ဘယ်လောက်မှပင်မကြာသေး အခုတော့ နှစ်ယောက်သား
ရိုမီယိုနဲ့ဂျူးလိယက်လုပ်နေသည်မှာ
singleဖြစ်သူ သူမအားနှိမ်နေသယောင်။

အန်ကယ်စက်က ကယ်​လေးရဲ့ရင်ခွင်ထဲ၌ဖြစ်၍ ကယ်လေး၏လက်တစ်ဖက်အန်ကယ်စက်၏ပုခုံးပေါ်တွင် တင်ထားသည်။ဇာတ်ကားကြည့်ရင်း သူ့ရင်ခွင်ထဲရှိ အန်ကယ်စက်အား ငုံ့ငုံ့နမ်းသည်မှာဘယ်နှကြိမ်မှန်းပင်မသိတော့ ပုခုံးပေါ်ကလက်ကလည်း တစ်ချက်တစ်ချက် အန်ကယ်စက်ရဲ့နားရွက်အဖျားလေးတွေကိုဖွဖွလေး လိုက်ပွတ်နေတာမျိုး။

သူမ တကယ့်ပင်မခံစားနိုင်တော့ပါချေ။
အန်ကယ့်မင်းခန့်ကိုကြည့်တော့ အန်ကယ်က ကယ်လေးတို့နှစ်ယောက်ကိုဂရုမစိုက်
သူ့စိတ်နှင့်သူ စာအုပ်တအုပ်အားထိုင်ဖတ်နေသည်။

သင်းရတနာ မခံမရပ်နိုင်စွာဖြင့် အာခေါင်ကိုခြစ်ကာအသံဆိုးကြီးနှင့်စတင် ညီးလိုက်တော့သည်။

"အားးးးးးးးး
မနေနိုင်တော့ဘူး၊ ကျေးဇူးပြုပြီးဒီအတွဲကိုလာဆွဲထုတ်သွားပေးကြပါတော့!!"

သူမ၏ညီးသံကိုကြားတော့ ကယ်လေးကရယ်သည်၊အန်ကယ်စက်ကတော့ အနည်းငယ်ရှက်သွား၍ အန်ကယ်မင်းခန့်ကတော့ မျက်ခုံးပင့်ရုံသာလျှင်အရေးလုပ်လေသည်။

"ဒါကြောင့် ငါမင်းကိုထိန်းထိန်းသိမ်းသိမ်းနေပါလို့ပြောသားပဲ"

အန်ကယ်စက်က တိုးဖွဖွနှင့် ကယ်လေးအားဆူပူသလိုပြောရင်း ဗိုက်ခေါက်အား မနာအောင်လိမ်ဆွဲလိုက်သည်။
ကယ်လေးကတော့ ထုံးစံအတိုင်း အိုဗာတင်းဖျော်ရင်း မနာသည့်အရာကို သေတော့မည့်အတိုင်းအိုက်တင်စ ထုတ်တော့လေသည်။

"အ့ နာတယ်လို့ကိုကိုရဲ့၊
နာသွားပြီ"

"ကိုယ်အားမထည့်လိုက်ပါဘူး အရမ်းနာသွားတာလား"

"အင်း အရမ်းနာသွားတာ"

ကယ်လေးက သနားစရာကောင်းအောင်ပြောရင်း အန်ကယ်စက်၏ပုခုံးပေါ်ကိုမှီချလိုက်သည်။
အန်ကယ်စက်ကတော့ ပြုံးရင်း သဘောကျစွာဖြင့်ကယ်လေးအားကြည့်နေလေသည်.

In Love With An Old Mafia(Complete)Where stories live. Discover now