Part (2)

1.3K 139 7
                                    

အန်တီကျူးရင့်ခြယ်။ခင်ဗျားကဘာလဲ။

ပျို့ခေါင်းထဲမှာအဲ့ဒီပုစ္ဆာကိုအဖြေထုတ်နေမိတယ်။အို .. သူ့ဘာသူဘာကြီးဖြစ်နေဖြစ်နေ။ပျိုနဲ့မှမဆိုင်အဓိကကဒီမှာလာလုပ်တာပိုက်ဆံရဖို့အတွက်ပဲလေ။ပျို့နောက်မှာပျို့ကိုမှီခိုနေတဲ့မိသားစုဆိုတာရှိသေးတာပျိုမေ့ထားလို့မရဘူး။

"မင်း မနေ့ညကအိမ်မက်မက်သေးလား"

ဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင် -

"ပျို မမှတ်မိတော့ဘူး ..အန်တီ"

"အဲ့ဒါကောင်းတယ်"

ဘာမှဆက်စပ်မှုမှမရှိဘဲအခြားလူတစ်ယောက်
အိမ်မက်မက်လားဆိုတာသိချင်နေတဲ့အကြောင်း
ကရောဘာလဲ။တော်ပြီ ..ပျို အိမ်ကြီးရှင်ရဲ့ရူး
ကြောင်ကြောင်တွေထဲကရုန်းထွက်လိုက်စမ်းပါ။

ဘုရားခန်းအကျယ်ကြီးထဲဘုရားစင်ပေါ်က
ဘုရားပန်းအိုးကြီးများကိုလက်နှစ်ဖက်ဖြင့်အားရ
ပါးရထိန်းဖက်ချလို့ပန်းတွေလဲရ၏။

"တစ်ပတ်တစ်ခါ .. ဘွားတော်ကဈေးဝယ်တယ်
အဲ့လိုနေ့ဆိုသေချင်တာပဲ"

"ဟင့် .. ဘာဖြစ်လို့လဲ"

"အိတ်ဆွဲဘဝကို မရောက်ဖူးလို့လားဟယ်..
အားလုံးထက်သူ့အိတ်ဆွဲသမားဖြစ်ရတာ အဆိုး
ဆုံးပဲ .. ဈေးဝယ်ရင်လည်းအရမ်းကြာတာ
ပိုက်ဆံရှိပြီး ဈေးကလည်းဆစ်သလားမမေးနဲ့
ပြီးရင်ဝယ်သမျှအထုပ်သယ်ပေတော့ .. လက်ကျိုးအောင်"

"ကားသမားကရော .."

"ဘယ်က ကားသမားရှိမှာလဲ .. သူကိုယ်တိုင်
မောင်းတာဘယ်တော့မဆို"

"ဘွားတော်က တစ်ခုခုပဲ"

"လူတွေနဲ့သိပ်မရောဘူး .. ကြည့်လိုက်ပါလား
အခုလိုတောကြီးထဲမှာလာနေတာကို"

"ဆွေမျိုးသားချင်းတွေမရှိဘူးလား"

"တစ်ကောင်ကြွက်ထင်တာပဲ"

"အဲ့လိုဆိုတော့သနားပါတယ်"

"အမလေး မသနားပါဘူး .. မောက်မာတဲ့
အဘွားကြီး"

အေးမူကတော်တော်မုန်းနေပုံရတယ်။

"သူ့ယောကျာ်းက ဘယ်လိုသေသွားတာလဲ
ရောဂါဖြစ်ပြီးတော့လား"

"ဆေးခါး" [ completed ]Wo Geschichten leben. Entdecke jetzt