Part (14)

1.2K 126 16
                                    

မှန်ပြင်ပေါ်၌ကပ်ညိနေသောဖုန်မှုန့်လေးများကို
နှုတ်ခမ်းမှလေကိုအသုံးပြု၍နှစ်ချက်လောက်မှုတ်လိုက်ပြီးနောက်ဖဲစပုဝါလေးဖြင့်ပါဝါမျက်မှန်လေးကိုပွတ်ကာသပ်ကာသန့်ရှင်းလိုက်၏။

ကျွန်မစာမဖတ်တာပင်အတော်ကြီးကြာ၍နေပြီ။
အချိန်မရတာလည်းပါသလိုစာအုပ်ဖိုးမတတ်နိုင်တာလည်းပါဝင်၏။

ယနေ့ညကတော့မိုးလေးလည်းစိမ့်နေသောကြောင့်စာဖတ်ချင်စိတ်ပေါ်ပေါက်ရ၏။

စာအုပ်မျက်နှာဖုံးကိုလှန်လိုက်ပြီးပထမဆုံးစာရွက်ကိုလှန်ဖို့ပြင်လိုက်တုန်းမှာပဲ -

"ဒေါက် ဒေါက် ဒေါက်"

မျက်မှန်ဘောင်ကိုကျော်လွန်၍ကျွန်မရဲ့မျက်မှောင်ကြုတ်သည့်အကြည့်များကအခန်းတံခါးဝဆီသို့ရောက်သွားလေ၏။

ရှုံ့လက်စနှ‌ဖူးကျောကိုမပြင်‌တော့ပဲထိုမျက်နှာထားနှင့်ပဲတံခါးကိုဖွင့်လိုက်၏။

"ဟင်"

ပင်တီမိန်းကလေး။သူမ၏အတွင်းခံဘောင်းဘီကို
လျှော်ခိုင်းခဲ့သည့်နေ့ကစပြီးနာမည်ဘယ်လိုခေါ်သလဲမသိသည့်သူမကိုပင်တီမိန်းကလေးလို့သာ
ကျွန်မအမည်ပေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

"အထဲခဏဝင်မယ်ရလား"

ထိုမေးခွန်းသည်အမေးသက်သက်သာဖြစ်၍အဖြေကိုတော့သိချင်ပုံလည်းမရသလိုစောင့်ချင်ပုံလည်းမရ။ကျွန်မကိုတိုက်၍ကျွန်မအခန်းထဲသို့ခပ်တည်တည်ပဲဝင်၍သွားတော့၏။

အိပ်ယာပေါ်မှာထိုင်ချလိုက်ပြီးပင်တီမိန်းကလေး
ဟာကျွန်မအိပ်ယာဘေးကပစ္စည်းတွေကိုကိုင်လိုက်ချလိုက်နှင့်အလုပ်ရှုပ်နေ၏။

"ဘာကိစ္စလဲဟင်"

ထိုမေးခွန်းကနှစ်ကြိမ်‌မြောက်ဖြစ်သော်လည်းအဖြေက‌တော့မလာသေး။

"ဟိုတစ်နေ့ကကိစ္စအတွက် ဒါဒါ
တောင်းပန်ပါတယ်"

"ဪ .. ရပါတယ်"

"ဒါနဲ့အဲ့နေ့က အန်တီ့ကိုချီခေါ်သွားတာ
အန်တီ့သမီးလား"

"မဟုတ်ဘူး .. အသိမိတ်ဆွေပါ"

"ဆေးခါး" [ completed ]Where stories live. Discover now