Part (17)

1.7K 153 14
                                    

Camping နေရာလေးကထွက်ခွာလာသည့်အိမ်အပြန်ကားပေါ်၌ -

"အန်တီ ပျို့ကိုယူရမယ်"

"ဘယ်လို !  ၊ ဟင့်အင်း ဟင့်အင်း မဖြစ်နိုင်ဘူး"

"ပျိုအန်တီ့ကို .. ယူမယ်"

ကားအတွင်းလို့လေအေးများဝင်ရောက်နေသော်
လည်းပဲကျွန်မစိတ်ဟာမရွှင်လန်းနိုင်ပဲရှိနေရ၏။

"ဘယ်လိုရေစက်ကြီးလဲပျို .."

ထိန်းထားသည့်ကြားကကျွန်မအသံဟာတုန်လာ၍ဝမ်းနည်းမိလာတယ်။ကားဘရိတ်ဆောင့်နင်းလိုက်ခြင်းကြောင့်ကိုယ်လုံးဟာယိမ်းသွား၍လက်ကိုင်ကိုလှမ်းဆွဲထားလိုက်ရ၏။

"ဟူး ..."

သက်ပြင်းချလိုက်၍ရင်ထဲကလေပူများကိုပျိုက
မှုတ်ထုတ်လိုက်တယ်။ကျွန်မကိုကြည့်၏။

"ကားပေါ်ကဆင်းချင်လား .. အန်တီ"

တစ်ချက်တွေဝေပြီးမှပျိုကဒီစကားကိုဆို၏။
ငြိမ်သက်နေတဲ့ကျွန်မဟာပျို့မျက်ဝန်းတွေကိုငေးနေမိလေတယ်။မျက်ရည်စတွေကပ်ညိနေတဲ့အဲ့ဒီမျက်ဝန်းတွေကို။

"ဆင်းတော့ ! နောက်လည်းဘယ်တော့မှမတွေ့ဘဲနေကြမယ် .. ပျိုအန်တီ့ကိုမုန်းတယ်"

ကားတံခါးကိုဆွဲဖွင့်ပြီးကျွန်မကိုဆင်းခိုင်း၏။
ကျွန်မငြိမ်သက်နေဆဲ။

"ခင်ဗျားကိုသေ‌လောက်အောင်မုန်းတယ်လို့ ..
ပြောနေတယ်လေ ! မကြားဘူးလား !"

"ကြားပါတယ် .. တို့ကြားတယ်"

နှလုံးသားကိုအပ်နဲ့အခါခါအဆွခံလိုက်ရသလို
တစ်ဆစ်ဆစ်နာကျင်စေတဲ့ဒီလိုစကားမျိုးကိုမကြားဘဲနေမလား။

ကျွန်မကားပေါ်ကဆင်းလိုက်၏။

"ဝဋ်ကြွေးကုန်ပြီ ဒေါ်ကျူးရင့်ခြယ် ..
ခင်ဗျားမျက်နှာလည်းဒီတစ်သက်မမြင်ချင်ဘူး"

ဝမ်းနည်းစိတ်ဟာဘယ်လိုမှအတောသတ်လို့မရ။
မေ့ပစ်ချင်သည်။ကျွန်မခေါင်းထဲကအရာအားလုံးကိုထုတ်ပစ်လိုက်ချင်သည်။

ဦးခေါင်းခွံကိုခွဲပြီးဦးနှောက်ကိုထုတ်ထားလိုက်ချင်သည်။ရင်ဘတ်ကိုခွဲပြီးနှလုံးသားကိုထုတ်ထားလိုက်ချင်သည်။

"ဆေးခါး" [ completed ]Where stories live. Discover now