Part (5)

1.1K 118 11
                                    

"ဟူး .."

သက်ပြင်းချတာမဟုတ်။လည်ချောင်းဝကလေကိုမှုတ်ထုတ်လိုက်ပြီးအားယူလိုက်တာ။ပျိုအရမ်းစိတ်လှုပ်ရှားနေပြီ။နောက်ကျောမလုံသလိုခံစားချက်မျိုးကြောင့်အနောက်ကိုလှည့်လှည့်ကြည့်မိတာလည်းအခါခါပဲ။

ဟုတ်ပြီ။ပိတ်စအုပ်ထားတဲ့အဲ့ဒီစန္ဒရားရဲ့အောက်ကိုငုံ့ဝင်လိုက်တယ်။

Oh...အဟုတ်ပဲ။ဒီနေရာမှာအပေါက်တစ်ခုရှိနေ
တယ်။ဒါပေမယ့်ဖုံးပိတ်ထားတဲ့တံခါးကသော့ခတ်ထားတယ်။အထဲကိုဝင်ဖို့သော့ရှာတွေ့မှဖြစ်မယ်။

"အား! ဘုရား!"

"ဘာရှာနေတာလဲ"

အကြံအိုက်နေတုန်းမှာရုတ်တရက်စောက်ထိုးကျ
လာတဲ့ဆံပင်များနဲ့မျက်နှာတစ်ခုကြောင့်ပျို့လိပ်ပြာလွင့်စင်သွားတော့တယ်။အိမ်ကြီးရှင်မ။

"အမ်  .. ဟို ကြွက် .. ကြွက်မြင်လိုက်လို့ပါ"

"ဒီအိမ်မှာဘာကြွက်မှမရှိပါဘူး"

"ဟုတ် .. အန်တီ ဟုတ် ပျိုမှားမြင်တာထင်တယ်"

သူမအိပ်ပျော်နေပြီမဟုတ်ဘူးလား။ဘယ်လိုလုပ်
ဒီလောက်မြန်မြန်ကြီးနိုးလာတာလဲ။

"ပျို .. သွားအိပ်တော့မယ် အန်တီလည်း
အိပ်တော့လေ .. ဂွတ်နိုက်"

ပုံမှန်မဟုတ်တော့တဲ့ခြေလှမ်းတွေကခပ်သွက်သွက်ပဲပျို့အခန်းထဲကိုအရောက်ပို့ပေးခဲ့တယ်။

"ဒန့် တန် တန် ဒန် တန် တန် ဒန့် တန် တန်"

အိပ်ယာထဲရောက်ပြီးမှကျယ်‌လောင်စွာထွက်ပေါ်လာတဲ့တီးလုံးသံကြောင့်တုန်ပြီးလန့်သွားရတယ်။မဖြစ်သေးပါဘူး။

နဖူးပေါ်ကချွေးစေးတွေကိုလက်ဖမိုးဖြင့်သုပ်လိုက်တယ်။ကြမ်းပြင်ပေါ်မှာပြေးလွှားနေတဲ့ဒေါ်ကျူးရင့်ခြယ်ကလှေကားအပေါ်ထောင့်ကွယ်ကနေရပ်ကြည့်နေတဲ့ပျို့ကိုသတိထားမိမှာမဟုတ်။

သေးငယ်တဲ့သူမခန္ဓာကိုယ်ကိုလှုပ်ခါရမ်းခါ၍
အောက်နှုတ်ခမ်းကိုကိုက်လို့လက်တစ်ဖက်က
သူမဝတ်နေကျအင်ဒိုနီးရှားအဆင်ရှိတဲ့ဂါဝန်၊ယနေ့ကတော့အဝါရောင်၊ထိုအဝါရောင်ဝါဝန်ရဲ့အစကိုကိုင်လို့ခုန်ပေါက်၍ကခုန်နေ၏။

"ဆေးခါး" [ completed ]Where stories live. Discover now