Part (16) 🔞

3K 160 6
                                    

❗ရိုင်းစိုင်းသောစကားလုံးအသုံးအနှုန်းများနှင့်
ဇာတ်ဝင်ခန်းများပါရှိသည်။❗

❗အသက်မပြည့်သူများဝင်ဖတ်ကြည့်ပါက၎င်းစာများသည်စိတ်ကူးယဉ်သပ်သပ်သာဖြစ်၍လက်တွေ့နှင့်ခွဲခြားသိမြင်စေရန်လိုအပ်
ပါကြောင်းအထူးသတိပေးအပ်ပါသည်။❗

❗ဤစာများသည်ဇာတ်လမ်း၊ဝတ္ထုတစ်ပုဒ်ထက်မပိုပါ .. ♡ ❗

 ̄  ̄

"လောလောဆယ် ငါးရက်လောက်ထိဖုန်းမဆက်နဲ့အေးမူ .. ဒီမှာငါးရက်လောက်ကြာမှာ .. ဖုန်းကို
လည်းစက်ပိတ်ထားမယ်နော်"

"ဘာအရေးကြီးကိစ္စတွေများလုပ်နေရလို့လဲ
ပျိုကဗျာ"

"အဟင်း .. သိပ်အရေးကြီးတဲ့ကိစ္စပေါ့"

"ဟိုမိန်းမနဲ့အတူရှိနေလား"

"အင်း"

"မဟုတ်မှလွဲရော .. ဟိုကိစ္စလား"

"ငါဆက်သွားမှာလို့ပြောခဲ့တာပဲ အေးမူ ..
ငါအဲ့မိန်းမကိုဖျက်စီးမယ် .. သေချာလေးကို
ဖျက်စီးမယ်"

"နင်သူ့ကိုချစ်နေလား"

ထိုမေးခွန်းအတွက်ပျို့မှာရေရာတဲ့အဖြေမရှိ။

"ငါသူ့ကို .. မချစ်သင့်ဘူး"

အေးမူနဲ့အလုပ်ကိစ္စအပါအဝင်ဖုန်းအတော်ကြာအောင်ပြောပြီးနောက်ပျိုတို့ Tent ရှိရာသို့ဖြေး
ဖြေးချင်းပျိုလှမ်းလျှောက်လာခဲ့၏။

Tent ထဲမှာအဲ့ဒီမိန်းမအိပ်ပျော်နေ၏။

နှဖူးစမှာချွေးများစို့နေ၍တစ်ချက်တစ်ချက်သူမခန္ဓာကိုယ်ဟာတဆတ်ဆတ်တုန်နေ၏။နှုတ်ကလည်းညည်းသံတိုးတိုးများထွက်ပေါ်လာတတ်သေး၏။အိမ်မက်ဆိုးမက်နေသလား။

ပျို့လက်တွေကယောင်မှားလှုပ်ရှားမိပြီးသူမရဲ့ဆံ
နွယ်မျှင်လေးများကိုအပေါ်သို့သပ်ပေးနေ၍တစ်ချောင်းစနှစ်ချောင်းစဆံဖြူမျှင်လေးများကိုလည်း
အကြာကြီးငေးမောမိနေ၏။

"ဟွန်းး"

နိုးလာတဲ့သူမဟာပျို့ကိုမြင်တော့လန့်မသွားဘဲပျို့မျက်ဝန်းတွေကိုပြန်ငေးကြည့်‌နေပြန်၏။

"ဆေးခါး" [ completed ]Where stories live. Discover now