ဒီနေရာမှာခြေထောက်တွေတောင့်လောက်အောင်ထိရပ်နေရတာအချိန်အားဖြင့်နာရီဝက်လောက်ရှိရောပေါ့။လက်မောင်းအုံကစလို့လက်တံတစ်ချောင်းလုံးဟာလည်းပုခုံးစပ်နဲ့ဝေးကွာသွားလောက်အောင်ပြုတ်ထွက်ကျတော့မလားထင်ရ၏။အောက်ချထားချင်ပေမယ့်လူကြားထဲငေါက်ခံရမည့်အဖြစ်ကိုလည်းတွေးလို့ထည့်တွက်ရသေး။
အသီးအနှံမျိုးစုံနဲ့အသားငါးစသည်၊ဟင်းချက်စရာအမယ်ပေါင်းမြောက်မြားစွာထည့်ထားသည့်ဒီခြင်းတောင်းကြီးရဲ့အလေးချိန်ဟာမည်မျှရှိမလဲ။
"ကဲ .. ကျုပ်လည်းပြောရတာမောလာပြီ
ဝယ်နိုင်ရင်ဝယ် မဝယ်နိုင်ရင်မဝယ်နဲ့""အဲ နေဦး နေဦး .. မဝယ်နိုင်ရင်မဝယ်နဲ့ဆိုတဲ့စကားကဘာစကားလဲ ဆတ်သားခြောက်တစ်ပိဿာလောက်ကို မဝယ်နိုင်တဲ့ရုပ်ပေါက်နေလို့လား"
"မပေါက်ပါဘူး .. အဲ့လိုရုပ်မပေါက်ပဲနဲ့ကို
ဆစ်လိုက်တဲ့ဈေးမို့လို့"တစ်ဖက်ကမိန်းမကကွမ်းတစ်ပျစ်ပျစ်ထွေးလို့
ထမီအောက်စကိုပေါင်နှစ်ချောင်းကားထားတဲ့ထဲ
ထည့်၊မဲ့ကာရွဲ့ကာစိတ်အကြီးအကျယ်ကုန်နေပုံ
ပေါ်၏။"အော် .. ဆစ်ရတာပေါ့ တန်ရာတန်ကြေးမှ
မဟုတ်တာ""ဘယ်နားကတန်ရာတန်ကြေးမဟုတ်တာတုန်း"
"ဆတ်သားကဖြင့်စစ်သလားမစစ်သလားမသိ
ငါးထောင်လောက်ကိုမလျှော့နိုင်တာ""စစ်လို့မလျှော့နိုင်တာပေါ့အေ .. ညည်းကို
ပြောတယ်လေ နှစ်ထောင်ပဲလျှော့ပေးနိုင်မယ်
အဲ့ထပ်ပိုမလျှော့နိုင်ဘူး ဝယ်ချင်ဝယ်မဝယ်ချင်ဒိုး""ညည်း .. ညည်းဟုတ်လား အိုးမိုင်ဂေါ့!
ကာစတန်မာကိုညည်းဆိုပဲ"ဒေါသသံမပါပါဘူးအန်တီကျူးရင့်ခြယ်။ဒါပေမယ့်ဒေါသတွေထွက်နေတာကိုတော့ပျိုသိပါတယ်။
"ကာစတန်မာတွေဘာတွေထားစမ်းပါ
ဝယ်ချင်ဝယ် မဝယ်ချင်လည်းနေ""ငါးထောင်လျှော့ပေး"
"မလျှော့နိုင်ဘူး"
"မဝယ်ဘူး"
ကားထဲကအဲကွန်းလေအေးအေးကအိမ်ကြီးရှင်ရဲ့
ချွေးစေးများကိုမတိတ်စေနိုင်။တစ်ရှူးတစ်စကို
ချွက်ခနဲမြည်အောင်ဆွဲထုတ်လိုက်ပြီးနဖူးပြင်ကို
တို့ရင်းက -
YOU ARE READING
"ဆေးခါး" [ completed ]
Romanceပျိုဖျော်တိုက်တဲ့ဆေးခါးတစ်ခွက်။ တို့တစ်ကြိုက်ထဲမော့လိုက်တယ်။