Part (4)

1.1K 140 16
                                    

ကျွန်မမှာသမီးလေးတစ်ယောက်ရှိမယ်ဆိုရင်
ထိုဒင်းကလေးအရွယ်လောက်ပဲ။ကြည့်စမ်းပါဦး
အိပ်နေလိုက်တာများပမာမခန့်။

ဖန်ခွက်အကြည်ထဲမှာထည့်ထားပြီးဖြစ်တဲ့ရေခဲ
နှစ်ခဲရဲ့အပေါ်ကနေJägermeister ပုလင်းကို
မြှောက်လို့ခွက်တစ်ဝက်ခန့်ငှဲ့လိုက်တယ်။

ဒီနေ့ညတော့ကျွန်မသောက်ချင်နေမိတယ်။
ဘာရယ်ကြောင့်မှန်းမသိ။

"အန် .. အန်တီ"

"မင်းအရမ်းသတ္တိကောင်းပါလား"

"ရှင်"

"မှတ်မိရဲ့လား .. စမ်းချောင်းထဲကရေကိုအငမ်းမရသောက်ပြီး .. မင်းလစ်သွားတာလေ"

ထိုဒင်းကလေးရဲ့အူကြောင်ကြောင်ပုံစံကကျွန်မ
အတွက်ဟာသဖြစ်စေတယ်။

"တော်သေးတာပေါ့ .. ဘာဖြစ်မယ်မှန်းမသိနိုင်
တာမို့ .. သူ့ကိုခေါ်ခဲ့တာသိပ်မှန်သွားတာပဲ"

"ဘယ်သူ့ကိုလဲ"

"ကိုစိန်ဖေလေ"

ကျွန်မအမျိုးသားနာမည်ကစိန်ဖေတဲ့လေ။ကြားခါစကကျွန်မမှာရယ်လိုက်ရတာ။33နှစ်အရွယ်အမျိုးသားတစ်ဦးရဲ့နာမည်ကို18နှစ်အရွယ်ကောင်မလေးကရယ်စရာလို့သတ်မှတ်ခဲ့တာ။

"ကိုစိန်ဖေက .. ဘယ် ဘယ်သူလဲဟင်"

"ဒီအိမ်ကြီးရဲ့မူလအရှင်သခင်ပေါ့ ..တို့လင်"

လင်ဆိုတဲ့စကားကိုကြားရင်ခွက်ထိုးခွက်လန်
ရယ်လိမ့်မယ်ထင်ထားပေမယ့်တက်တက်စင်အောင်လွဲတော့တာပဲ။မိန်းကလေးရဲ့မျက်နှာက
သွေးမရှိတော့သလိုမျက်လုံးအဝိုင်းသားနဲ့။

တစ်ခါတစ်ခါကျွန်မရဲ့ဟာသတွေကလူတွေအတွက်ရယ်စရာဟုတ်‌မနေတာကြီးကိုကျွန်မ
သိပ်မုန်းတာပဲ။

"သူမင်းကိုအိမ်ထိထမ်းခေါ်လာတာ"

"ပျို့အခန်းထဲသွားတော့မယ်"

ကိုယ်ပေါ်ခြုံပေးထားတဲ့စောင်ကိုခပ်မြန်မြန်ပဲ
ဖယ်ရှားလိုက်ပြီးကုတင်အောက်ကိုဝုန်းခနဲဆင်းလို့ပြန့်နေတဲ့စောင်ကိုခပ်သွက်သွက်ပဲခေါက်ထားခဲ့ပြီးအခန်းထဲကနေပြေးထွက်သွားတော့တယ်။

"ဆေးခါး" [ completed ]Hikayelerin yaşadığı yer. Şimdi keşfedin