ကျွန်မနိုးလာတာကြာသည်အထိပျိုမနိုးသေး။
ရင်ခွင်ထဲရှိပျို့ဦးခေါင်းပေါ်ကဆံချောင်းလေး
များကိုကျွန်မလက်ဖြင့်ထိုးဖွပေးနေမိတယ်။ပျို့အခန်းလေးကသပ်သပ်ရပ်ရပ်ရှိ၏။
ပစ္စည်းတွေလည်းများများစားစားမထားရှိ၍
ရှင်းလင်းနေတာကိုကျွန်မသဘောကျတယ်။မကြာခင်ပျိုနိုးလာသဖြင့်ကျွန်မလက်မောင်း
ကိုရုတ်လိုက်ကာဆန့်လို့အညောင်းဖြေလိုက်
မိတယ်။"အန်တီ ၊ ဗိုက်ဆာပြီလား"
ကျွန်မခေါင်းငြိမ့်တော့ပျိုရယ်တယ်။
"ထ ၊ အေးမူဘာချက်လည်းမသိဘူး
သွားစားကြမယ်"ကျွန်မရုပ်ကချက်ချင်းတည်သွား၏။
"တို့ .. အေးမူနဲ့မျက်နှာချင်းမဆိုင်ချင်ဘူး"
"ရှက်လို့လား"
ကျွန်မခေါင်းထပ်ညိမ့်ပြမိပြန်တယ်။
"ပျို့ကိုယူပြီးရင်ရော .. အေးမူနဲ့နေ့တိုင်း
မျက်နှာချင်းဆိုင်ရမှာ ၊ ဆက်ရှက်နေမှာလား""မင်းမသိဘူးပျို ၊ တို့အပြစ်တွေကပေါ့သေးသေး
မဟုတ်ဘူးကွဲ့"ကျွန်မမျက်ရည်လည်လာမိပြန်တယ်။အတိတ်
ဆိုတာစာမျက်နှာတစ်ခုလိုစုတ်ဖြဲပစ်လို့အမှိုက်
ပုံးထဲထည့်လို့ရတဲ့အရာမဟုတ်။ကျွန်မလိုလူအတွက်အထူးအားဖြင့်ပိုလို့
မေ့မရကောင်းနိုင်တဲ့အရာတစ်ခုဟာအတိတ်ပဲ။"ဘာလို့မလိုတာတွေတွေးနေတာလဲအန်တီရာ
ပျော်စေချင်တယ် .. ပျိုကအန်တီ့ကို"ပျို့လက်တွေကကျွန်မမေးရိုးဖျားကိုအသာ
လေးညှစ်လာကာပဲပျို့မျက်ဝန်းတွေကကျွန်မ
ကိုရွှန်းရွှန်းစားစားကြည့်လာတယ်။"ပျော်စေချင်တာ .. အန်တီရယ်"
တစ်ကယ်တမ်းအောက်ကိုရောက်တော့
ကျွန်မထင်တာနဲ့လွဲနေခဲ့တယ်။ပျို့မိသားစု၊
ထားပါ၊ပျို့မောင်နှမတွေကကျွန်မကိုဖော်ရွေ
စွာနှုတ်ဆက်ကြ၏။အေးမူကလည်းပြုံးပြတယ်။ဟန်ဆောင်နေကြတာမျိုးလားဆို၍စိတ်က
ထင့်ပြီးတွေးမိလိုက်ပေမယ့်ပျို့လက်ကိုဆုပ်
ကိုင်ပြီးအားယူမိတော့ဘာမှမဟုတ်သလိုပါပဲ။
YOU ARE READING
"ဆေးခါး" [ completed ]
Romanceပျိုဖျော်တိုက်တဲ့ဆေးခါးတစ်ခွက်။ တို့တစ်ကြိုက်ထဲမော့လိုက်တယ်။